Chapter 42
Yamin AungJuly 19, 2023
အပိုင်း (၄၂) ကြက်သား အာလူးချက်နေ့လည်စာ စားပြီးနောက် အဖွဲ့သားများက အထင်ကရ နေရာများသို့ လျှောက်လည်ကာ ခရီးသွား အချို့နှင့် ဆုံခဲ့ကြသည်။
အချို့က ကင်မရာများနှင့် ရိုက်ကူးနေပုံကို မြင်ပြီး လာနှုတ်ဆက်ကြသည်။
အချို့က ဖုန်းကို ထုတ်ကြည့်ပြီး အပြေးအလွှားလာနှုတ်ဆက်ကြကာ "ရှင်တို့က Twitter မှာ နာမည်ကြီးနေတဲ့ အဖွဲ့မလား" ဟု မေးမြန်းလာကြသည်။
တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်ဟု ယူဆနိုင်သော်လည်း အကြိမ်များလာသောအခါ အားလုံးက တိုက်ဆိုင်သည်ဟု မထင်ကြတော့ပေ။
ထို့ကြောင့် အားလုံးက အင်တာနက်ပေါ်မှ ဗီဒီယိုကို ရှာဖွေ ကြည့်ရှုလိုက်ကြသည်။
ထိုအခါ ခရစ်၏ မျက်နှာက အရင်ဆုံး ပေါ်လာပြီး စခန်းတွင် ဆုယောင်တို့ အကင်ရောင်းသည့် ဗီဒီယို
ကို အင်တာနက်ပေါ်တွင် တင်ထားကာ ပိုက်ဆံရှာထားကြောင်း တွေ့လိုက်ရသည်။
ဆုယောင်တို့ ကျော်ကြားသွားသည့် အကြောင်းမှာ သရုပ်ဆောင် စွမ်းရည်ကြောင့် မဟုတ်ဘဲ ချက်ပြုတ် စွမ်းရည်ဖြင့် ကျော်ကြားသွားခြင်း ဖြစ်သည်။
"ဟယ်၊ ငါ့ ပုံကို ရုပ်ဆိုးအောင် ဘယ်လိုများ ရိုက်ထားတာလဲ"
ဝမ်ယုက ဗီဒီယိုကို ကြည့်ပြီး ငိုမဲ့မဲ့ မျက်နှာဖြင့် ထိုသို့ ပြောလိုက်သည်။
ချောင်မန်လင်းက ဝမ်ယုကို နှစ်သိမ့်ပေးချင်သော်လည်း ဗီဒီယိုထဲရှိ သူမ မျက်နှာကို ကြည့်ပြီး သူမပါ ထိတ်လန့်သွားခဲ့သည်။
"ဟိုမိန်းမက ဘယ်သူကြီးလဲ"
"..."
ယောက်ျားလေးများက ပို၍ တည်ငြိမ် နေကြပြီး
လင်းရန်ချီက ပြည်ပတွင် ပထမဆုံး နာမည်ကြီးသွားခြင်း ဖြစ်သဖြင့် အနည်းငယ် ပျော်ရွှင်နေခဲ့သည်။
ထို့အပြင် ဗီဒီယိုထဲတွင် သူ၏ ကျွမ်းကျင်စွာ အကင်ကင်နေပုံကို ကြည့်ပြီး ကျေနပ်နေခဲ့သည်။