Chapter 80

977 83 0
                                    

Chapter 80

Yamin AungSeptember 03, 2023
အပိုင်း (၈၀) ကြက်သားမျှင် ခေါက်ဆွဲပြုတ်

ဆုယောင်က နိုးလာသောအခါ မျက်လုံးကို ဖွင့်ပြီး မှန်တင်ခုံအပေါ်ပိုင်းကို အရင်ဆုံး ကြည့်လိုက်သည်။

ထိုအလေ့အကျင့်မှာ ဆုယောင် အစီအစဉ် ရိုက်ကူးစဉ်အတွင်း ဖြစ်ပေါ်လာသော အလေ့အကျင့် တစ်ခုဖြစ်သည်။

မနက်ခင်း နိုးလာတိုင်း ဆုယောင်က ထိုခုံပေါ်တွင် တင်ထားသော ကင်မရာကို အရင်ကြည့်ကာ စိတ်သက်သာရာရအောင် တစ်ခုခုနှင့် အမြဲကွယ်လိုက်တတ်သည်။

သို့သော် ယနေ့၌ ထိုနေရာမှ ကင်မရာက မရှိတော့ချေ။

ထို့ကြောင့် ဆုယောင်က ရိုက်ကူးရေး ပြီးဆုံးသွားပြီကို သဘောပေါက် နားလည်လိုက်သည်။

"ပြန်မအိပ်သွားနဲ့နော် ဆုယောင်။ ငါတို့ လေယာဉ်ချိန်မှီအောင် သွားရမယ်။ ငါတို့ တရုတ်နိုင်ငံကို ခဏနေရင် ပြန်သွားရတော့မယ်နော်"

ဝမ်ယုက ပြေးလာပြီး ဆုယောင်၏ ပါးကို ဆွဲညှစ်လိုက်ကာ "ပြန်မအိပ်သွားနဲ့နော် ဆုယောင်။ နင်မထမချင်း ငါနှိုးနေမှာနော်" ဟု ထပ်တလဲလဲ ပြောလိုက်သည်။

"အင်း ထပြီ"

ဆုယောင်က ထိုသို့ပြောမှ ဝမ်ယုက ထားခဲ့ကာ ချောင်မန်လင်းဆိီသို့ ထွက်သွားတော့သည်။

ပစ္စည်းများကို သိမ်းဆည်းသည့် အလုပ်က အလွန် လွယ်ကူပြီး တစ်ခါမှ အသုံးမပြုရသေးသော ပစ္စည်းအများအပြား ကျန်နေသေးသည်။

ထိုပစ္စည်းများမှာ ချောင်မန်လင်းနှင့် ဝမ်ယုတို့ ပထမဆုံးနေ့က ဝယ်ယူခဲ့သော အသင့်စား အစားအသောက်များ ဖြစ်ကြသည်။

ထိုအစားအစာများကို ထုတ်စားခဲ့သော်လည်း ဝယ်ထားသော ပမာဏက အလွန်များနေသဖြင့် ကျန်နေသေးရာ ထိုပစ္စည်းထဲမှ အများစုကို ရိုက်ကူးရေးအဖွဲ့သို့ ပေးလိုက်ကြသည်။

လေယာဉ်ပေါ်မှ မနက်‌(၂)နာရီတွင် ဆင်းလာခဲ့ကြပြီး အားလုံးက ခရီးစဉ် အမှန်တကယ် ပြီးဆုံးသွားကြောင်းကို နားလည်သွားကြသည်။

ပထမဆုံး အလုပ်အနေဖြင့် ဖုန်းကဒ်ကို အရင်လဲပြီး သက်ဆိုင်ရာ အေးဂျင့်များကို လှမ်းခေါ်လိုက်ကြသည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Donde viven las historias. Descúbrelo ahora