Chapter 55

1.1K 106 0
                                    

Chapter 55

Yamin AungAugust 03, 2023
အပိုင်း (၅၅) နို့မလိုင်ပူတင်း

ကားထဲရှိ လေထုအခြေအနေက ပုံမှန်ပြန်ဖြစ်သွားသည်။

Switzerland သို့ခရီးစဉ်က အရမ်းမဝေးသော်လည်း ဆုယောင်တို့ကားကို ရိုက်ကူးရေး အဖွဲ့သားများက မောင်းနေသဖြင့် ရိုက်ကူးရေးအဖွဲ့၏ ခရီးစဉ်အတိုင်း သွားနေရသည်။

ခရီးစဉ် အရှည်ကြီး ဖြတ်သန်းလာပြီးနောက် Switzerland သို့ရောက်ရန် နာရီအနည်းငယ် ထပ်မောင်းရဦးမည် ဖြစ်သည်။

‌လမ်းတစ်‌လျှောက်လုံး အိပ်ပျော်လာသော စုန့်ရန်က နိုးလာသောအခါ စခန်းချမည့် နေရာကို ရှာလိုက်ပြီး စခန်းငယ်တစ်ခုတွင် အခန်းငှား၍ ရပ်နားလိုက်ကြသည်။

စခန်းသို့ ရောက်သောအခါ အားလုံးက လုပ်နေကြအတိုင်း အလုပ်များနေကြပြီး အထုပ်အပိုးများကို အခန်းထဲသို့ ရွှေ့ပြောင်းနေကြသည်။

ညစာကို စင်သီယာ ထည့်ပေးလိုက်သော အမဲသားစွပ်ပြုတ်နှင့် ဆုယောင် မနေ့က ဖုတ်ထားသော ပေါင်မုန့်များဖြင့် သာမန်ကာလျှံကာ စားလိုက်ကြသည်။

ရှေ့နှစ်ရက်က စားသောက်ပွဲကြီးများ စားထားခဲ့ရသဖြင့် အားလုံးက သာမန်ကာလျှံကာ ညစာကို မတင်းတိမ်ကြပေ။

ညစာစားအပြီး ဆုယောင်က အချိုပွဲ လုပ်ရန် ပြင်ဆင်နေသည်ကို ကြည့်ပြီး ချောင်မန်လင်းနှင့် ဝမ်ယုတို့က ဆုယောင်အနားသို့ ရောက်လာကြသည်။

"နင်နို့မလိုင်ပူတင်း လုပ်မလို့မလား ဆုယောင်။ ငါကူပေးမယ်လေ"

"ငါလည်း ကူညီပေးမယ်"

နှစ်ယောက်သားက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကြပြီး မျက်နှာများတွင် စိတ်လှုပ်ရှားမှု အပြည့်‌ဖြစ်နေကြသည်။

အချိုမုန့်များကို ငြင်းဆန်နိုင်သည့် မိန်းကလေးများ မရှိကြပေ။

စုန့်ရန်ကဲ့သို့သော ‌ယောက်ျားများပင် အချိုမုန့်ကို ကြိုက်သည်ဖြစ်ရာ မိန်းကလေးများက အဘယ်သို့ ငြင်းနိုင်ပေမည်နည်း။

"အင်း ဒါဆို သကြားထုပ် ယူပေးပါလား"

"အိုကေ"

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now