Chapter 134

828 60 0
                                    

Chapter134

Yamin AungOctober 04, 2023
အပိုင်း(၁၃၄)

ဆုယောင် မျှော်လင့်ထားသကဲ့သို့ စားသောက်ဆိုင်ဖွင့်လှစ်သည့် အကြောင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသောအခါ ဘေကျင်းမြို့မှ သတင်းထောက်များက သတင်းယူရန် ကြိုးပမ်းကြတော့သည်။

ဆုယောင်က "ကွာရှင်းပြီး ရက်(၃၀)" ရသစုံရှိုးတွင် အောင်မြင်မှု ရရှိနေသည့်အပြင် "ချက်ပြုတ်ခြင်း ခရီးလမ်း" ဇာတ်လမ်းတွဲတွင်ပါ လူကြိုက်အများဆုံး ဇာတ်ကောင် ဖြစ်နေသဖြင့် သတင်းထောက်များက ဆုယောင်ကို အလွန် စိတ်ဝင်စားနေခဲ့ကြသည်။

အချို့လူများဆိုလျှင်ပင် ပိုက်ဆံများ ပေးပြီး ဆုယောင်၏ စားသောက်ဆိုင် အကြောင်းကို စုံစမ်းခိုင်းသည့် လူများပင် ရှိနေကြသည်။

"စားသောက်ဆိုင် ဖွင့်တာ သတင်းထောက်တွေကို ဖိတ်ရမှာ မဟုတ်ဘူးလား"

ပိုင်ပါးသတင်းတိုက်မှ ချန်ဟဲလန်နှင့် လီထုံဆိုသည့် သတင်းထောက်နှစ်ယောက်က ဆုယောင်၏

စားသောက်ဆိုင် အပြင်ဘက်တွင် ကားရပ်ကာ ဆိုင်အတွင်းပိုင်းမှ အခြေအနေများကို သတင်းယူရန် လေ့လာနေခဲ့ကြသည်။

ပထမဆုံး ချန်ချင်းနှင့် ဝေကျန်းချွမ်တို့စုံတွဲ စားသောက်ဆိုင်သို့ အတူရောက်လာသော ဓာတ်ပုံများကို ရိုက်ကူးမိလိုက်သဖြင့် အံ့ဩသွားခဲ့ကြသည်။

"အစ်ကိုလီ ကျွန်တော်ပဲ အမြင်မှားနေတာလား"

ချန်ဟဲလန်က ရိုက်ကူးထားသော ဓာတ်ပုံကို ပြန်ကြည့်ပြီး မယုံကြည်နိုင်သဖြင့် ထိုသို့ပြန်မေးလိုက်သည်။

"ဟဟ ဒီနေ့ အံ့ဩစရာကောင်းတဲ့ သတင်းတစ်ခု ရလာတာပဲ။ ဒီစုံတွဲကို စောင့်ကြည့်နေတဲ့ သတင်းထောက်တွေတောင် ဘာသတင်းမှ မရတာ။ ငါတို့အခု ဒီမှာ ဒီသတင်းရလာလိမ့်မယ်လို့ မထင်ထားဘူး"

လီထုံက ကင်မရာကို ကြည့်ပြီး ဝမ်းသာအားရ ထိုသို့ပြောလိုက်သည်။

"အစ်ကိုလီ ချန်ချင်းရဲ့ ဗိုက်ကို ကြည့်ပါဦး"

ချန်ဟဲလန်၏ စကားကြောင့် လီထုံက ချန်ချင်း၏ ဗိုက်ကို အနီးကပ်ကြည့်လိုက်ရာ ရသစုံရှိုး ရိုက်ကူးစဉ်ကာလထက် ပို၍ ပူလာကြောင်း တွေ့လိုက်ရသည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now