Chapter122
Yamin AungOctober 02, 2023
အပိုင်း (၁၂၂)ခရစ္စမတ်ပွဲတော် နီးလာသည်နှင့် လမ်းများပေါ်တွင် လူများစည်ကားပြီး အသက်ဝင်နေခဲ့သည်။
သို့သော် ခရစ္စမတ်ပွဲတော်နေ့အရောက်တွင် နှင်းများကျနေသဖြင့် လမ်းများပေါ်တွင် လူရှင်းကာ တိတ်ဆိတ်ခြောက်သွေ့နေခဲ့သည်။
ဆုယောင်က မနေ့က ဝယ်ထားသော လက်ဆောင်များနှင့် ခရစ္စမတ် ပူတင်းကို ထုပ်ပိုးကာ စုန့်ရန်၏ ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။
စိတ်လှုပ်ရှားစွာဖြင့် အနောက်ကြည့်မှန်မှ တစ်ဆင့် သူမ၏ မိတ်ကပ်အပြင်အဆင်နှင့် အဝတ်အစားကို စစ်ဆေး ကြည့်ရှုနေခဲ့သည်။
"စိတ်မပူပါနဲ့ ယောင်ယောင်ရဲ့။ ဒီတိုင်း မိတ်ဆွေတွေကို သွားတွေ့တယ်လို့ပဲ သဘောထားပါ"
စုန့်ရန်က ဆုယောင်၏ ခေါင်းကို ပွတ်ပြီး ထိုသို့ပြောလိုက်သဖြင့် ဆုယောင်က အနောက်သို့ ဆုတ်သွားကာ "ဘာလို့ လာပွတ်တာလဲ။ ကျွန်မ ဆံပင်ကို သေချာဖြီးလာတာ ရှုပ်ပွကုန်တော့မှာပဲ" ဟု ပြောလိုက်သည်။
"ကိုယ်က အရေးကြီးလား။ ယောင်ယောင်ရဲ့ ဆံပင်က အရေးကြီးလား"
"ခုချိန်ကတော့ ဆံပင်က ပိုအရေးကြီးတယ်"
ပုံမှန်ဆိုလျှင် နာခံနေကျ ဆုယောင်က ထိုသို့ပြောလာသဖြင့် စုန့်ရန်က ရင်ဘတ်ကို တက်နင်းခံရသကဲ့သို့ ခံစားသွားရသော်လည်း ဆုယောင်၏ စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး ပို၍ ချစ်မိလာခဲ့သည်။
ထို့ကြောင့် စုန့်ရန်က ဆုယောင်ကို နမ်းလိုက်ကာ Margaret တို့ဆီသို့ မောင်းထွက်လိုက်တော့သည်။
ဆုယောင်က ရုတ်တရက် စုန့်ရန်၏ ပျော်ရွှင်နေသော အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း စုန့်ရန်၏ အဘိုးအဘွားများနှင့် တွေ့ရတော့မည် ဖြစ်သဖြင့် စိတ်လှုပ်ရှားကာ ငြိမ်ကျသွားတော့သည်။