Chapter 127

821 60 0
                                    

Chapter127

Yamin AungOctober 02, 2023
အပိုင်း(၁၂၇)

ရန်ယိဖန်းဆီမှ သတင်းကို ကြားလိုက်သော ဆုယောင်ကိုယ်တိုင်ကလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အိမ်သို့ ပြန်ရောက်သောအခါ ဆုယောင်က ရန်ယိဖန်း ထိုရှိုးကို ရွေးချယ်ပေးသည့် အကြောင်းရင်းကို စဉ်းစားနေတော့သည်။

"ငါချိန်းတွေ့ပြီး အလုပ်များနေတာ အလုပ်ဘက်ကို လစ်ဟင်းသွားလို့ ဒီရှိုးကို တမင်ရွေးပေးလိုက်တာများလား"

ဆုယောင်က ထိုသို့တွေးပြီး နှစ်ရက်အတွင်း မုန့်များလုပ်ကာ ကုမ္ပဏီသို့ ရောက်သွားတော့သည်။

လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော သစ်အယ်သီး အချိုမုန့်နှင့် ချယ်ရီသီး အချိုမုန့်က ရန်ယိဖန်း၏ အကြိုက်ကို ဖမ်းစားသွားခဲ့သည်။

ရန်ယိဖန်းက အနည်းငယ် ယူစားပြီးနောက် မိန်းမနှင့်

ကလေးအတွက် အိမ်သို့ပြန်ယူသွားရန် သိမ်းထားလိုက်သည်။

ဆုယောင်၏ သံသယဝင်နေသော မျက်လုံးများကို ကြည့်ပြီး ရန်ယိဖန်းက ပြုံးလိုက်ကာ "မင်းအလုပ်ရှာခိုင်းတဲ့ အချိန်က နည်းတော့ ငါမင်းအတွက် အဆင်ပြေဆုံး ဖြစ်မယ့်ဟာကို ရွေးပေးထားရတာ။ ဘာစိတ်ပူစရာ ရှိလို့လဲ။ စိတ်မပူပါနဲ့။ ငါမင်းမှာ ရည်းစား‌ရှိနေလို့ တမင်ရွေးပေးတာ မဟုတ်ဘူး။ နှစ်ကုန်ပိုင်းဆိုတော့ အလုပ်ရှာရတာ မလွယ်ဘူး။ ဒီရှိုးက တခြားလူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြရတာ....." ဟုပြောလိုက်သည်။

ဆုယောင်က ရန်ယိဖန်း၏ စကားကြောင့် ရသစုံရှိုးကို လက်ခံရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။

"ဒီရှိုးက စတူဒီယိုထဲမှာ ရိုက်ရမှာလား။ အချစ်အကြောင်း‌မေးရင် ဘယ်လိုပြန်ဖြေရမလဲ"

"အဲ့ဒါ ငါ့ကို မေးရမှာ မဟုတ်ဘူး။ မင်းစုန့်ရန်နဲ့ တိုင်ပင်ရမှာ။ ရှိုးကတော့ အပိုင်းနှစ်ပိုင်းခွဲရိုက်ရမယ်။ အချစ်အကြောင်းကတော့ ထုတ်ပြောချင်

လည်း ရတယ်။ မပြောချင်လည်း ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဆိုင်ဖွင့်ဖို့အတွက်ပဲ အာရုံစိုက်နေတာ မဟုတ်ဘူးလား"

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now