Chapter 111
Yamin AungSeptember 29, 2023
အပိုင်း (၁၁၁)တည်ငြိမ်သော စုန့်ရန်က ထိန်းချုပ်မှုကို လွှတ်လိုက်ပြီး ဆုယောင်၏ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။
ဆုယောင်က စုန့်ရန်၏ ဖက်ကိုင်ထားမှုနှင့်အတူ စုန့်ရန်ထံမှ ပူဒီနာအနံ့ကို ရနေပြီး စွဲမက်လာခဲ့သည်။
ထို့ကြောင့် ဆုယောင်က နှုတ်ခမ်းများကို လှုပ်ရှားလိုက်သောအခါ စုန့်ရန်က "မင်းကိုယ့်ကို လက်ခံလိုက်တာလား" ဟုမေးပြီး ပြင်းပြင်းရှရှ နမ်းရှုံ့လိုက်သည်။
နှစ်ယောက်သား အချိန်အတော်ကြာ နမ်းလိုက်ကြပြီးနောက် ဆုယောင်က ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်ကာ စုန့်ရန်က ဆုယောင်၏ အထုပ်အပိုးများကို ကားပေါ်တင်၍ ဒရိုင်ဘာနေရာတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် နီရဲနေသော နှုတ်ခမ်းကို ထိရင်း ကြည်နူးနေကာ ဆုယောင်ကို ထပ်နမ်းချင်လာခဲ့သည်။
ထို့ကြောင့် စုန့်ရန်က သူ၏ ကုတ်အင်္ကျီကို ချွတ်ပြီး ဆုယောင်၏ ပေါင်ပေါ်သို့ ဖုံးပေးလိုက်ကာ ဆုယောင်ကို ခါးပတ်ပတ်ပေးရင်းဖြင့် ဆုယောင်၏ နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။
ဆုယောင်က အစပိုင်းတွင် ကြောင်သွားသော်လည်း သတိပြန်ဝင်လာသောအခါ နှုတ်ခမ်းကို လက်ဖြင့် အုပ်ပြီး "ရှင်....လူဆိုးပဲ" ဟု ပြောလိုက်သည်။
စုန့်ရန်က ပြုံးပြီး "ကိုယ့်ကောင်မလေးကို နမ်းတာ ဘာလို့ လူဆိုးဖြစ်ရမှာလဲ။ တကယ်လို့ ခေါ်ချင်ရင် နောက်ပိုင်း ဒီထပ် ပိုဆိုးလာမှ လူဆိုးလို့ခေါ်။ အဲ့ကျရင် ကိုယ်လက်ခံပေးမယ်" ဟု ပြောလိုက်သည်။
ဆုယောင်က စုန့်ရန်၏ စကားကို အစပိုင်းတွင် နားမလည်သော်လည်း နောက်မှ တဖြည်းဖြည်း သဘောပေါက်လာပြီး ရှက်သွားကာ စုန့်ရန်၏ အင်္ကျီအောက်တွင် မျက်နှာဝှက်လိုက်သည်။