Chapter 99
Yamin AungSeptember 20, 2023
အပိုင်း (၉၉)ဆုယောင်က ပါးများ နာကျင်ပြီး ပူလာသဖြင့် မျက်ရည်များဝဲလာကာ "လွှတ်ပါတော့" ဟု စုန့်ရန်ကိုပြောလိုက်သည်။
"အိုကေ"
စုန့်ရန်က ပါးကို ပွတ်နေသော ဆုယောင်ကို ကြည့်လိုက်ကာ အဘိုးဖြစ်သူ Clarence သင်ကြားလိုက်သော စကားများကို ပြန်ကြားယောင်လာတော့သည်။
"မိန်းကလေးတစ်ယောက်ကို လိုက်တယ်ဆိုတာစီးပွားရေးလုပ်သလိုပဲ မြန်မြန်လှုပ်ရှားရတယ် Lance"
"တကယ်လို့ ကိုယ်က လက်ဦးမှုမယူရင် တခြားသူဆီ ပါသွားလိမ့်မယ်"
.....
စုန့်ရန်က ထိုစကားများကို ပြန်ကြားယောင် လာသဖြင့် လှုပ်ရှားမှုလုပ်ရန် ဆုယောင်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
လမ်းပေါ်မှ မီးရောင်များက မှိန်နေသဖြင့် ဆုယောင်က အရိပ်တစ်ခု ချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ချေ။
ပါးကိုပွတ်နေရင်း လှည့်ကြည့်လိုက်သောအခါ ဆုယွဲ့ကို ဟိုတယ် lobby ၌ သရုပ်ဆောင် ယောက်ျားလေးနှင့် အတူတွေ့လိုက်ရသည်။
ထို့ကြောင့် ဆုယောင်က စုန့်ရန်၏ လက်ကို ဆွဲကာ ထွက်ပြေးတော့သည်။
"တခြားနေရာမှာ စကားသွားပြောရအောင်"
"အင်း"
စုန့်ရန်က ကိုင်ထားသော လက်နှစ်ခုကို ကြည့်ပြီး ရင်ခုန်သံများ ဗလောင်ဆူလာကာ နှုတ်ခမ်းက အပေါ်သို့ ကွေးတက်သွားသည်။
ဆုယောင်က စိုးရိမ်စိတ်ဖြင့် ပြေးလွှားနေရင်း လက်တွင် ချွေးစို့လာမှ စုန့်ရန်၏ လက်ကို ကိုင်ထားမှန်း သတိဝင်သွားခဲ့သည်။
"ဆောရီး"
ဆုယောင်က အိပ်မက်မှ နိုးလာသည့် လူတစ်ယောက်ကဲ့သို့ စုန့်ရန်၏ လက်ကို လွှတ်ချလိုက်ပြီး စကားနှစ်ခွန်းသာ ပြောထွက်လာခဲ့သည်။