Chapter 43

941 89 0
                                    

Chapter 43

Yamin AungJuly 20, 2023
အပိုင်း (၄၃) ကြက်သား အာလူးချက်

သူစိမ်း တစ်ယောက်၏ အိမ်တွင် ဆုယောင်က ပထမဆုံးအကြိမ် ချက်ပြုတ်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် ရှက်ရွံ့အားနာနေခဲ့သည်။

သို့သော် အိမ်ရှင်၏ နွေးထွေးစွာ ကြိုဆိုမှုကြောင့် မကြာခင်တွင် အားနာစိတ်များက ကွယ်ပျောက်သွားခဲ့သည်။

ဧည့်ခန်းထဲတွင်လည်း စုန့်ရန်၊ ဟဲယွမ်ဟန်နှင့် အခြားသူများက အိမ်ရှင် အမျိုးသားနှင့် စကားလက်ဆုံကြကာ ရယ်မောနေကြသည်။

ဆုယောင်ကမူ စင်သီယာ၏ မေးခွန်းများကြောင့် ရှက်ရွံ့နေမှုများက ပျောက်ကွယ် သွားခဲ့သည်။

"အာလူး ကင်မလို့လား၊ ဆုယောင်"

"ငရုတ်သီးမှုန့်တွေ အများကြီး ဘာလို့ ထည့်တာလဲ ဆုယောင်"

"ကြက်သားကို ဘာလို့ လှီးလိုက်တာလဲဟင်။ ဘယ်လို ချက်မလို့လဲ ဆုယောင်"

.....

စင်သီယာက ဆုယောင်၏ လှုပ်ရှားမှုတိုင်းကို ကြည့်ပြီး မေးခွန်းပေါင်းများစွာ မေးမြန်းနေခဲ့သည်။

"ဒါက ဘာအမှုန့်လဲ"

"ဘာပစ္စည်းတွေ ထည့်မှာလဲ"

စင်သီယာက သူမ, မမြင်ဖူးသော ပစ္စည်းများကို တွေ့ရသဖြင့် သိချင်စိတ် ဖြစ်ကာ တစ်ခုချင်းစီကို လိုက်လံ မေးမြန်းနေခဲ့သည်။

ပြည်ပနှင့် ပြည်တွင်း၏ အစားအသောက် ယဉ်ကျေးမှုက မတူညီပေ။

စင်သီယာက အစပိုင်းတွင် ဆုယောင်၏ လက်ထဲမှ ကြက်သားနှင့် အာလူးကို မြင်လိုက်သောအခါ ကြက်သားနှင့် အာလူးကင် လုပ်မည်ဟု ထင်ထား

သော်လည်း ဆုယောင်က "ကြက်သားကင် လုပ်မှာမဟုတ်ဘူး။ တရုတ် အစားအသောက် တစ်မျိုး ဖြစ်တဲ့ ကြက်သားအာလူးဟင်း ချက်မှာ" ဟုရှင်းပြလိုက်သည်။

စင်သီယာက အလုံးစုံ နားလည်သွားပုံ မရသေးသဖြင့် ဆုယောင်က "အဲ့ဟင်းက ကြက်သားနဲ့ အာလူးကို ရောပြီး မွှေချက်ထားတာ။ ပါဝင်ပစ္စည်းတွေကလည်း ပမာဏများတော့ ပန်းကန်အကြီးကြီးထဲမှာ ထည့်ပြင်ရတယ်" ဟု ထပ်ရှင်းပြလိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now