Chapter 110
Yamin AungSeptember 29, 2023
အပိုင်း (၁၁၀)ဆုယောင် ကျင့်ရီပေါ်ကို စမ်းသပ်ရန် ချက်ခိုင်းသည့် ဟင်းနှစ်မျိုးက Oden စွပ်ပြုတ်နှင့် သိုးကလီစာ စွပ်ပြုတ်တို့ဖြစ်သည်။
ရိုက်ကူးရေး ပြီးဆုံးတော့မည့် အချိန် နီးကပ်လာသည်နှင့် အမျှ ဆုယောင်၏ ရိုက်ကူးရေးက ပိုမိုခက်ခဲလာခဲ့သည်။
ယခုနှစ်တွင် ဆောင်းက ယခင်နှစ်ထက် ပို၍ စောစော ဝင်လာသဖြင့် ရာသီဥတုက အေးခဲစိုစွတ်နေခဲ့သည်။
ဆုယောင်က ထိုအချိန်တွင် ဇာတ်လမ်းတွဲအတွက် လှပသော ပါးလွှာသည့် ရိုးရာဝတ်စုံကိုသာ ဝတ်ပြီး ရိုက်ကူးရေး ပြုလုပ်နေရသည်။
တစ်ကိုယ်လုံး အေးသည့် ဒဏ်ကို ခံစားနေရသော်လည်း ဆုယောင်က အပြင်ပိုင်းတွင် သိသာအောင် ထုတ်မပြဘဲ မျက်နှာကသာ ဖြူဖျော့နေခဲ့သည်။
ဆုယောင်နှင့် အတူရိုက်ကူးနေသည့် ရှောင်ချီက ရိုက်ကူးရေး မစခင်၌ ဆုယောင်၏ ဘေးနားတွင် တုန်ရီနေကာ "ယောင်ယောင် မအေးဘူးလား" ဟု မေးလိုက်သည်။
ရှောင်ချီက မိုချီချီ ဇာတ်ကောင်တွင် နစ်ဝင်နေသောအခါ၌ ဆုယောင်ကို လင်းလန်ဟု ခေါ်ပြီး ပုံမှန် ပြန်ဖြစ်သွားသည့် အချိန်တွင် ယောင်ယောင်ဟု ပြောင်းခေါ်တတ်သဖြင့် ဆုယောင်က အခေါ်အဝေါ်ကို ကြည့်၍ ခွဲခြားနေရသည်။
ဆုယောင်က ရှောင်ချီနှင့် ရင်းနှီးနေပြီ ဖြစ်သဖြင့် ရှောင်ချီ၏ ပါးကို လက်ဖြင့် ထိလိုက်ရာ ဆုယောင်၏ အေးစက်နေသော လက်များကြောင့် ရှောင်ချီက ထိတ်လန့်သွားပြီး "ဟယ် ယောင်ယောင် အေးစက်နေတာပဲ။ ဂျင်းပြုတ်ရည်လေး ဘာလေး သောက်မလား။ အအေးမိမယ်နော်" ဟု သတိပေးလိုက်သည်။
"ရတယ်။ ငါမှာထားတာ ရှိတယ်။ အဲ့ဒါ သောက်ပြီးတော့ပဲ နွေးအောင် လုပ်လိုက်မယ်"
"ဘာမှာထားတာလဲ"