Chapter 123

833 61 0
                                    

Chapter123

Yamin AungOctober 02, 2023
အပိုင်း(၁၂၃)

နောက်နှစ်ရက်အတွင်း ဆုယောင်၏ အပြုအမူများ ပြောင်းလဲလာသောကြောင့် စုန့်ရန်က ထူးဆန်းနေခဲ့သည်။

ဖက်ခြင်း၊ နမ်းခြင်းကိစ္စများကိုလည်း အလွယ်တကူ ခွင့်ပြုပေးလာပြီး ဆုယောင်၏ အကြည့်များက ပို၍ ချစ်လာသည့် အရိပ်အယောင် ပြလာကာ သနားသည့်အကြည့်များလည်း ပါနေခဲ့သည်။

စုန့်ရန်နှင့် ဆု‌ယောင်တို့က နှစ်ရက်ကြာ နေထိုင်ပြီးနောက် Margaret နှင့် Clarence တို့ကို နှုတ်ဆက်ကာ တရုတ်နိုင်ငံသို့ နှစ်သစ်ကူးပွဲတော်နေ့ မတိုင်ခင် တစ်ရက်တွင် ပြန်လာခဲ့ကြသည်။

ဆုယောင်က ဖုန်းထဲတွင် စုန့်ရန်၏ ကောင်းကြောင်းများကို ပြောဆိုထားမှုကြောင့် ကျန့်ချင်းတို့က သမက်လောင်းကို ကြိုဆိုသည့် ညစာစားပွဲကို အထူးပြင်ဆင်ထားခဲ့ကြသည်။

စုန့်ရန်ကလည်း တံခါးဝတွင် နမ်းနေသည်ကို မိသွား

သည့် ပထမဆုံးအကြိမ်ကဲ့သို့ မဟုတ်တော့ဘဲ ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့အတွက် လက်ဆောင် ကောင်းကောင်း ပြင်ဆင်သွားခဲ့သည်။

ထို့အပြင် ဆုယောင်၏ လည်ပင်းမှ ထူးခြားနေသည့် လည်ဆွဲကြောင့် ကျန့်ချင်းက စုန့်ရန်အပေါ် သမက်လောင်းအဖြစ် ပို၍ နှစ်သက်လာခဲ့သည်။

"အဟမ်း အဟမ်း"

စုန့်ရန်ဘက်သို့သာ လှည့်ပြီး ဟင်းများ အဆက်မပြတ် ထည့်ပေးနေသော ဆုယောင်ကို ကြည့်၍ ဆုချန်းဝမ်က ချောင်းဟန့်လိုက်ကာ အရက်ခွက်ကို ကိုင်ပြီး "ရှောင်စုန့် တစ်ခွက်သောက်ကွာ" ဟုပြောလိုက်သည်။

ထို့နောက် ဆုချန်းဝမ်က စုန့်ရန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့ပေးနေသဖြင့် ကျန့်ချင်းက ဝင်တားလိုက်ကာ "ရှောင်စုန့် မသောက်နိုင်ရင် မသောက်နဲ့တော့နော်။ အစ်ကိုဝမ်က အဲ့လိုပဲ သူလည်း သောက်နိုင်တာ မဟုတ်ဘဲနဲ့" ဟုပြောလိုက်သည်။

"ရပါတယ် အန်တီ။ ‌ကျွန်တော် သောက်နိုင်ပါတယ်"

စုန့်ရန်က ထိုသို့ပြောပြီး ဆုယောင်ကို ရီဝေနေသော အကြည့်ဖြင့် ကြည့်လိုက်ရာ ဆုယောင်က "ရှင် မူးနေပြီမလား စုန့်ရန်။ လာ...ထ...ကျွန်မအိမ်ပြန် လိုက်ပို့ပေးမယ်" ဟုပြောလိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now