Chapter 96

769 70 0
                                    

Chapter 96

Yamin AungSeptember 19, 2023
အပိုင်း (၉၆)

"ဘယ်လိုဖြစ်သွားပြီလဲ။ အောင်မြင်ခဲ့လား"

ဆုယောင်ထံမှ စာရပြီး အောက်ထပ်သို့ ပြေးဆင်းလာသော ရန်ယိဖန်းက ဆုယောင်ဆီသို့ ပြေးလာ၍ သတင်းမေးလိုက်သောအခါ ဆုယောင်က မျက်ရည်များဝဲပြီး ရန်ယိဖန်းကို ပြန်ကြည့်လိုက်သည်။

"မအောင်ခဲ့ဘူးလား"

ရန်ယိဖန်းက ရင်ထဲတွင် စို့နစ်သွားသော်လည်း ဆုယောင်ကို ကြည့်ကာ "အဆင်ပြေပါတယ်။ တကယ်လို့ မအောင်လည်း ကိစ္စမရှိဘူး။ လာကမ်းလှမ်းထားတဲ့ ရသစုံရှိုးတွေ အများကြီး ရှိတယ်။ အိမ်ပြန်ပြီး မင်းကြိုက်တာ ရွေးလိုက်။ ပိုက်ဆံရတာ နည်းလည်း ကိစ္စမရှိဘူး" ဟု နှစ်သိမ့်ပေးလိုက်သည်။

"တကယ်လား"

"ဒါပေါ့။ ဒီလောက် လူအများကြီး လာအရွေးခံကြတာ မင်းမအောင်တာလည်း ဖြစ်နိုင်တာပဲ"

"ကျွန်မ အောင်သွားတယ်"

"ဟမ် ဘယ်လို"

ရန်ယိဖန်းက ကြောင်သွားပြီး ဆုယောင်က သတင်းကောင်းကို အပြုံးဖြင့် ပြောလိုက်သည်။

အလွန်ပျော်နေသော ဆုယောင်ကို ကြည့်ပြီး ရန်ယိဖန်းက မပြုံးစဖူး ပြုံးလိုက်ကာ "ဟုတ်ပြီ ငါတို့ ကုမ္ပဏီကို အရင်ပြန်ကြမယ်။ ငါမင်းအတွက် သရုပ်ဆောင်နည်း သင်ပေးဖို့ ဆရာတွေ ရှာပေးမယ်။ ပြီးတော့ မင်းဝိတ်ချရမယ်" ဟု ပြောလိုက်သည်။

"ကျွန်မက ဝိတ်ချဖို့ လိုသေးလို့လား"

ဆုယောင်က သူမ၏ ခါးသွယ်သွယ်လေးကို ကြည့်လိုက်ကာ အံ့ဩပြီး ထိုသို့ပြန်မေးလိုက်သည်။

ရန်ယိဖန်းက ရှင်းပြချက်ပြန် မပေးနိုင်သော်လည်း ဝိတ်ချရမည်ဟုသာ တစ်ခွန်းတည်း ပြန်ပြောလိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now