Chapter 132

870 69 0
                                    

Chapter132

Yamin AungOctober 02, 2023
အပိုင်း(၁၃၂)

ပထမဆုံး ပြန်လည် စုစည်းသည့် နှစ်သစ်ကူး ပွဲတော်က ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့၏ ရင်ကို နွေးထွေးသွားစေခဲ့သည်။

ဤရက်များအတွင်း ဆုယောင်က သူမ၏ ကြောင်လေးကို ပျော်ရွှင်အောင် ထားရင်း အလုပ်များနေခဲ့သည်။

နေ့စဉ်နေ့တိုင်း မီးဖိုခန်းတွင် သို့မဟုတ် အိပ်ခန်းထဲတွင်သာ စုန့်ရန်နှင့်အတူတူ ဆုယောင်က ဖြတ်သန်းနေခဲ့သည်။

ရုပ်ရှင်ကြည့်ရင်း ဂိမ်းကစားရင်းဖြင့် စုန့်ရန်ကို သူမ၏ စားသောက်ဆိုင် အောင်မြင်မည့် နည်းလမ်းများကို မေးမြန်းနေခဲ့သည်။

ချစ်သူများနေ့ကိုပင် အိမ်၌သာ ဖြတ်သန်းခဲ့ပြီး နှစ်ယောက်သား၏ ဆက်ဆံရေးက ပို၍ ပူနွေးလာခဲ့သည်။

ရန်ယိဖန်းက ဆုယောင်ကို နှစ်သစ်ကူး ဧည့်ခံပွဲများ တက်ရောက်ရန် ပြောကြားခဲ့သော်လည်း ဆုယောင်က တစ်ပွဲမှ မတက်ခဲ့ပေ။

ပထမတစ်လအတွင်း အိပ်လိုက် စားလိုက်ဖြင့် အချိန်ကုန်သွားပြီး ဆုယောင်မိဘများ၏ လက်ရာအပြင် ရီပင်းရှန်မှ စာဖိုမှူးများ၏ နှစ်သစ်ကူး ဂါရဝ အစားအသောက်များကိုလည်း လက်ခံ ရရှိထားခဲ့သည်။

အထူးသဖြင့် စုန့်ရန်က ဆုယောင် စားသောက်ဆိုင် ဖွင့်မည့်ကိစ္စကို အားကြိုးမာန်တက် ကူညီပေးနေခဲ့သည်။

ဆုယောင်က ကျေနပ်စွာဖြင့် စုန့်ရန်၏ လည်စေ့ကို ထိလိုက်ပြီး "ဒီနှစ်အတွင်း အချိန်တွေ သုံးတာ အလကား မဖြစ်သွားဘူးပဲ။ စုန့်မြောင်မြောင် ရှင်အသားတွေ တက်လာတာပဲ။ တကယ်တော့ အရမ်းပိန်တာ မကောင်းဘူး" ဟုပြုံးကာ ပြောလိုက်သည်။

.....

မကြာခင်တွင် နှစ်ယောက်သား ပူးကပ်နေရသည့် အချိန်က အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။

နှစ်ကုန်ပြီးနောက် တီဗီအစီအစဉ် အသစ်များကို စတင် ထုတ်လွှင့်လာကြသည်။

"စားသောက်ဆိုင်" အစီအစဉ်က ပြီးဆုံးသွားပြီး ဆုယောင်၏ ကျော်ကြားမှုက မြင့်မားလာခဲ့သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now