Chapter 47

1K 95 0
                                    

Chapter 47

Yamin AungJuly 24, 2023
အပိုင်း (၄၇) ဝက်သားပြားကြော်

ချောင်မန်လင်း၏ ချီးကျူးသံကို ကြားပြီး ဆုယောင်က သူမ၏ ဟင်းပွဲ တစ်ခုတည်းသာ ကွက်ကောင်းနေခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

ထိုမေးခွန်းကို စိတ်ပျက်လက်ပျက်ဖြင့် ပန်းကန်ကို ငုံ့ကြည့်နေသော စုန့်ရန်ကို ကြည့်လိုက်ပြီး ဖြေရှင်းလိုက်နိုင်ခဲ့သည်။

"ငါ့ ဟင်းပွဲက ကောင်းကောင်း မကြော်ထားဘူး။ ဆီတွေလည်း အများကြီးပဲ။ စုန့်ရန်ရဲ့ ဟင်းပွဲက ကျတော့ အကြော်လွန်ပြီး တူးနေတယ်"

အားလုံး၏ မျက်လုံးများက သူတို့နှင့် အတူ ထိုင်စားနေကြသော ကလေး နှစ်ယောက်‌ဆီသို့ ရောက်သွားကြသည်။

"အရသာ ရှိတယ်မလား။ သားအဖေရဲ့ လက်ရာက ကောင်းတယ်နော်"

Lan က အမဲသားတုံးကို ဖြည်းဖြည်းချင်း ဝါးစားနေ

ပြီး လူကြီး တစ်ယောက်ကဲ့သို့ ထပြောလိုက်သည်။

Lan ၏ စကားကို Vitch က ထောက်ခံပြီး "ဟုတ်တယ်။ ဟင်းက အရမ်း စားကောင်းတယ်" ဟု ပြောလိုက်သည်။

ဆုယောင်နှင့် အခြားသူများကမူ ကလေး နှစ်ယောက်ကို ကြည့်ပြီး ဆွံ့အ သွားကြတော့သည်။

ဆုယောင်က စင်သီယာတို့ကို ကျေးဇူးကြွေးတင်ထားသဖြင့် စားသောက်ဆိုင်ကို ကြေညာပေးမည်ဟု စိတ်ကူးထားသော်လည်း ဟင်းပွဲများက အဆင်မပြေ ဖြစ်နေခဲ့သည်။

အားလုံးက ဟင်းပွဲကို မကျေမနပ် ဖြစ်နေကြပြီး ဆုယောင်က အားတင်းပြီး စားရန် ကြိုးစားခဲ့သော်လည်း မစားနိုင်ခဲ့ပေ။

ထို့အပြင် လတ်တလော အခြေအနေကို မှတ်တမ်းတင် ရိုက်ကူးထားသောကြောင့် အစီအစဉ် ထုတ်လွှင့်သည့် အချိန်ကျလျှင် စားသောက်ဆိုင်၏ ပုံရိပ်ကို ဆိုးရွားသွားစေမည် ဖြစ်သည်။

"ငါ ရိုက်ကူးရေး အဖွဲ့နဲ့ ဆွေးနွေးစရာ ကိစ္စပေါ်လာလို့ မင်းတို့ အပြင် ခဏလိုက်ခဲ့ပါလား"

စုန့်ရန်က မတ်တတ်ထရပ်လိုက်ကာ စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်သွားခဲ့သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now