Chapter 79

932 90 0
                                    

Chapter 79

Yamin AungSeptember 02, 2023
အပိုင်း (၇၉) ဝက်ကောင်ပေါက်ကင်

ဝက်ကောင်ပေါက်ကင်က ဟင်းလျာကြီး တစ်မျိုးဖြစ်သည်။

ထိုဟင်းလျာကြီး၏ သမိုင်းကြောင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း (၁၄၀၀) ခန့်မှ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ နာမည်ကြီးနေဆဲ ဖြစ်သည်။

ဝိုင်ခြံ၏ သဘောထားကြီးမှုကြောင့် ဧည့်သည်များက အကင် ကင်သည့်ဖိုကို အခမဲ့ သုံးစွဲခွင့်ရသည်။

ဆုယောင်က ဝက်ကောင်ပေါက်ကို အရသာနယ်နှပ်ပြီး အချိန်အတော်ကြာ အသုံးမပြုခဲ့သည်ဟု ခံစားရသော အကင်ဖိုကို တစ်ချက်ကြည့်လိုက်၍ "အစ်ကိုကြီး ကူညီမယ့် တူတူ အဆုံးအထိ ကူညီပေးမလားဟင်။ မီးဖိုကိုပါ ဆေးပေးပါလား" ဟု ပြောလိုက်သည်။

သန်သန်မာမာ ညိုညိုမောင်းမောင်းနှင့် ပီဒီက အလေးချိန် များမည်ဟု ထင်ရသော အကင်ကင်သည့်ဖိုကို ကြည့်ပြီး "အပြင်ထွက်ပြီး ကူမယ့်လူ ရှာလိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ဆုယောင်၏ လက်ရာကို မြည်းစမ်းဖူးသော ဝန်ထမ်းများက ညဘက်တွင် ဝက်သားကင် စားရမည်ဟု ဆိုသောအခါ အပြေးအလွှား ကူညီကြတော့သည်။

အကင် ကင်သည့်ဖိုပါမက အကင်ပစ္စည်းများကိုပါ သပ်သပ်ရပ်ရပ် ဆေးကြောပြီး ဆုယောင်အသုံးပြုရန် အဆင်သင့်ပြင်ပေး ထားလိုက်ကြသည်။

"အားလုံး ကျေးဇူးပါနော်"

"ရပါတယ်။ အစ်မဆုယောင်ရဲ့ အလုပ်ဆိုတော့ ဝိုင်းလုပ်ပေးရမှာပေါ့"

စုန့်ရန်က ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ကာ နောက်ဆုံး အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွားပြီး အနက်ရောင် တီရှပ်ကိုလဲဝတ်၍ ညစာပြင်ဆင်နေသည့် အဖွဲ့ထဲသို့ ဝင်ကူညီပေးလိုက်သည်။

သိပ်မကြာခင်တွင် (၁၀) ပေါင် အလေးချိန်ရှိသော ဝက်ကောင်ပေါက်က အကင်ကင်သည့်ဖိုပေါ်သို့ ရောက်သွားသည်။

ဆုယောင်က ဘေးနားမှ ညွှန်ကြားပြီး အခြားသူများက နေရာကို ချိန်ညှိပေးလိုက်ကြသည်။

မိနစ်အနည်းငယ်အကြာတွင် ဝက်သားကင် မွှေးရနံ့က ထွက်လာပြီး ဝက်သားကင်ကို ဝိုင်းကြည့်ကြသော မျက်လုံးများက ပို၍ များလာခဲ့သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Wo Geschichten leben. Entdecke jetzt