Chapter130
Yamin AungOctober 02, 2023
အပိုင်း(၁၃၀)ဝေကျန်းချွမ်၏ ညာဘက်လက်က ကျိုးသွားသဖြင့် နှစ်လ၊ သုံးလအတွင်း ပြန်မကောင်းနိုင်သောကြောင့် နှစ်သစ်ကူးပြီးလျှင် ရိုက်ကူးမည့် ရုပ်ရှင်ကားအပေါ် အကြီးအကျယ် သက်ရောက်သွားခဲ့သည်။
ထို့ကြောင့် ဆေးရုံက ပြန်ထွက်လာပြီးနောက် ရိုက်ကူးရေးအဖွဲနှင့် ဆွေးနွေးခဲ့ရာ နောက်ဆုံးတွင် တစ်လနားခွင့် ရသွားခဲ့သည်။
စူပါမားကတ်သို့ ဈေးဝယ်ထွက်သည့် ခရီးစဉ်က ဤကဲ့သို့ ဖြစ်သွားသဖြင့် ကွာရှင်းထားသည့် စုံတွဲက အိမ်အပြန်လမ်း တစ်လျှောက်လုံး စကားမပြောကြတော့ပေ။
ဆုယောင်က ချန်ချင်းတို့ အိမ်သို့ ပြန်ရောက်ပြီးနောက် ဆင်ခြေပေးကာ သန့်စင်ခန်းသို့ ဝင်သွားလိုက်သည်။
ထို့အပြင် ချန်ချင်း၌ ကိုယ်ဝန်ရှိနေသည့် ကိစ္စကို ကျေလည်အောင် လုပ်ရဦးမည် ဖြစ်သည်။
ချန်ချင်းနှင့် ဝေကျန်းချွမ်တို့ကမူ ဖြည်းဖြည်းချင်း ဖိနပ်လဲနေကြတုန်း ဖြစ်သည်။
"ဖိနပ်လဲလေ ချင်းချင်း"
"အင်း"
ချန်ချင်းက အမွှေးပွ ဖိနပ်အပါးကို လဲဝတ်လိုက်ပြီး ဝေ့ကျန်းချွမ်၏ ကျိုးသွားသော ညာဘက်လက်ကို ကြည့်လိုက်ကာ "ကျေးဇူးပါ" ဟုပြောလိုက်သည်။
"ရပါတယ်။ ငါက အားနည်းလို့ ဖြစ်သွားတာပါ။ ဒေါက်တာပြောတဲ့ စကားတွေက သပ်သပ် ချဲ့ကား ပြောနေတာပါ"
ဝေ့ကျန်းချွမ်က ချန်ချင်းကို နှစ်သိမ့်ပေးပြီးနောက် ဒဏ်ရာရနေသော လက်ကို ချန်ချင်း မမြင်အောင် ဖွက်ထားလိုက်သည်။
ထိုလုပ်ရပ်က ချန်ချင်းအတွက် ယခင်က သူမတို့ ရုပ်ရှင်ရိုက်ကူးခဲ့သည့် အချိန်ကို ပြန်အမှတ်ရသွားစေ
ခဲ့သည်။
ထိုအချိန်က ချန်ချင်းနှင့် ဝေကျန်းချွမ်တို့က ရှေးခေတ် သိုင်းဇာတ်လမ်းတွဲကို ရိုက်ကူးနေခဲ့ကြပြီး ဒါရိုက်တာက ပို၍ အစစ်အမှန် ဖြစ်သွားစေရန် မြင်းလိမ္မာကိုရှာ၍ တက်စီးခိုင်းခဲ့သည်။