Chapter 62
Yamin AungAugust 13, 2023
အပိုင်း (၆၂) ခေါင်ရမ်းပန်းဟင်းတည်းခိုဆောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လင်းရန်ချီက ခုနက ပျော်ရွှင်နေသော်လည်း လက်ရှိ အချိန်တွင် ငိုချင်သွားတော့သည်။
စုန့်ရန်က လင်းရန်ချီ စကားမပြောခင်တွင် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"မင်းကြောင့် မဟုတ်ဘူး။ ဒီတစ်ခေါက် မတော်တဆကိစ္စကို ငါ့မိသားစုတွေ သိသွားကြလို့"
စုန့်ရန်က စကားတစ်လုံးချင်းစီကို သေချာဂရုစိုက်ပြီး ပြောနေခဲ့သည်။
သူနေ့လယ်က ရေထဲသို့ ကျသွားသည့် သတင်းကို သူ၏ အဘွားဖြစ်သူက မည်သို့မည်ပုံ သိသွားသည်ကို စုန့်ရန်က မသိချေ။
ထိုကိစ္စကြောင့် စုန့်ရန်၏ လုပ်ရပ်တိုင်းကို တလေးတစား ခွင့်ပြုပေးတတ်သော အဘွားဖြစ်သူကပင် စိတ်ဆိုးပြီး စုန့်ရန်ကို ပြန်လာရန် ဖုန်းတောက်လျှောက် ဆက်ပြီး ပြောနေခဲ့သည်။
ထို့ကြောင့် စုန့်ရန်က ပြန်သွားရန် ဖြစ်လာခဲ့သည်။
ထို့အပြင် ထိတ်လန့်နေသော အားလုံး၏ စိတ်အခြေအနေကြောင့် ဤနေရာတွင် ဆက်နေမည့်အစား ထွက်သွားခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ပိုဆိုးသည်မှာ စုန့်ရန်က ရေထဲသို့ ကျသွားပြီးလျှင် ရက်အတော်ကြာ ကောင်းကောင်း အိပ်မပျော်တတ်သောကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ စုန့်ရန်က ဆုယောင်ကို ကြည့်လိုက်တိုင်း ရေထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်သတိရလာသဖြင့် စိတ်ရှုပ်ထွေးပြီး ဆုယောင်ကို မျက်နှာချင်း မဆိုင်ရဲပေ။
ထို့ကြောင့် စုန့်ရန်က သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို အသိပေးလိုက်သည်။
"ငါ Switzerland မှာရိုက်ကူးမယ့် အစီအစဉ်ကနေ ထွက်ပြီး နောက်တစ်နေရာမှာ မင်းတို့နဲ့ ပြန်ဆုံကြမယ်။ ဒီရိုက်ကူးရေးမှာပဲ နားမှာ။ အဲ့ဒါကြောင့် စိတ်မပူကြပါနဲ့"