အပိုင်း (၃၄) အကင်မျိုးစုံ
ဆုယောင်တို့ ဝင်နားခဲ့သော စခန်းက မြို့ထဲတွင် မဟုတ်ဘဲ မြို့နှစ်မြို့ ကြားတွင် ရှိနေပြီး အနီးအနားရှိ စခန်းများထဲတွင် အကြီးဆုံး ဖြစ်သည်။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ခရီးသွားရာသီ ရောက်သည့်အချိန်တွင် အစားအသောက်များကို အမြတ်ကြီးကြီး တင်ကာ ရောင်းချသည့် အစီအစဉ်ကို ဖန်တီးခဲ့သည်။
သို့သော် မကြာခင်အချိန်အတွင်း တစ်စုံတစ်ယောက်က သူတို့၏ အစီအစဉ်ကို ဖျက်ဆီးလိုက်သည်ကို နားလည် သိရှိလာခဲ့ကြ၏။
"ဆုယောင်နဲ့ ခေါင်းဆောင် ကျွန်တော် ရေခဲသေတ္တာထဲက ပစ္စည်းတွေ အကုန် ယူလာခဲ့တယ်။ ဒီလောက်နဲ့ လောက်ပါ့မလား" ဟု ပြောကာ လင်းရန်ချီက အိတ်ကြီး၊ အိတ်ငယ်ဖြင့် ကားထဲမှ ပစ္စည်းများကို သယ်ထုတ်လာခဲ့သည်။
"နင်က အသား သုံးကီလိုကို နည်းတယ် ထင်နေတာ
လား။ နင်က ဘယ်လောက်တောင် စားမှာ မို့လို့လဲ။ ဝက်ဝင်စားတာကျနေတာပဲ""အဲ့ဒါဆိုလည်း နင် မစားနဲ့လေ။ ဆုယောင်ရဲ့ လက်ရာကို နင် မသိတာလည်း မဟုတ်ဘဲနဲ့။ နင် လာမစားနဲ့"
"ဟဲ့ လင်းရန်ချီ"
"ဘာလဲ"
"နင် အဲ့ဒါကြောင့် ရည်းစား မရတာ သိလား။ နောက်လည်း နင် ရည်းစား မရပါစေနဲ့လို့ ငါ ဆုတောင်းပေးတယ်"
"နင် အဲ့ဒါ ငါ့ကို သက်သက် ပုဂ္ဂိုလ်ရေးအရ လာစော်ကားနေတာပဲ အငိုသန်လေးရဲ့""နင် ရိုသေမှု ဆိုတာကိုရော သိရဲ့လား။ ငါက နင်ထက် အရင် ပွဲဦးထွက်တာနော်။ နင့်ထက် ငါ စီနီယာကျတယ်။ ကိုယ့် စီနီယာကို အငိုသန်လေးလို့ ခေါ်တာ သင့်တော်တယ်လို့ နင် ထင်လား"
"ဟုတ်ပါပြီ။ ငါ မှားပါတယ်"လင်းရန်ချီက ဆက်မပြောရဲတော့ဘဲ ခေါင်းကို ငုံ့ကာ တောင်းပန်လိုက်သည်။
ထိုအခါ ဝမ်ယုက ကျေနပ်သွားပြီး "ဒါဆိုလည်း အလကား ထိုင်မနေနဲ့ ဆုယောင်ကို မြန်မြန် ကူညီပေးလိုက်" ဟု ထပ်ပြောလိုက်၏။
ထို့ကြောင့် လင်းရန်ချီက ဆုယောင်၏ ဘေးတွင် ဝင်ထိုင်ကာ တုတ်ထိုး ဝိုင်းထိုးပေးလိုက်သည်။
အခြားသူများက လင်းရန်ချီနှင့် ဝမ်ယုတို့၏ ပြောဆိုနေပုံများကို နားထောင်ကာ ရယ်မောနေကြတော့၏။
ဆုယောင်က စားပွဲခုံ အသေးပေါ်တွင် အသားနှင့် အသီးအရွက်များကို ကင်မည့် အရွယ်အစား ဖြစ်အောင် လှီးနေခဲ့သည်။