Chapter 71
Yamin AungAugust 24, 2023
အပိုင်း (၇၁) ကောက်ညှင်းထုပ်ဝမ်ယုက ကောက်ညင်းထုပ် မလုပ်ဖူးသော နိုင်ငံခြားသားများကို ကြည့်ပြီး ဆုယောင်ကို ဆွဲကာ "ဆုယောင်က ပထမနေရာရမယ်ဆိုတာ ပြောစရာတောင် မလိုဘူး" ဟု ပြောလိုက်သည်။
အခြားသူများကလည်း ဝမ်ယု၏ စကားကို ထောက်ခံလိုက်ကြပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြိုင်ပွဲဝင်ပြိုင်ရန် ကောက်ညှင်းထုပ် နှစ်ခုကို ဝယ်ယူလိုက်ကြသည်။
"ကျွန်မကို အဲ့လောက် ယုံကြတာလား။ ကျွန်မ ရှုံးရင်လည်း ရှုံးသွားနိုင်တယ်လေ"
"မဖြစ်နိုင်ပါဘူး"
စင်ပေါ်တွင် ထိုင်နေသော ဆိုင်ပိုင်ရှင်က အခြေအနေများကို အစပိုင်းတွင် သတိမထားမိသော်လည်း နောက်ပိုင်းတွင် ဆုယောင်တို့ ရိုက်ကူးရေးအဖွဲ့ကို သတိထားမိသွားသည်။
ထို့ကြောင့် နှစ်ခါပြန်ကြည့်ပြီး အကဲခတ်လိုက်သောအခါ ထိုအဖွဲ့က ဝါးရွက်ကိုသာ ဦးတည်နေကြကြောင်း တွေ့လိုက်ရသဖြင့် ဝါးရွက်အနည်းငယ် ပေးလိုက်ခြင်းက ပြဿနာမရှ်ိလောက်ဟု စဉ်းစားလိုက်သည်။
သို့သော် အနောက်မှ ပါလာသော ပီဒီများကို တွေ့လိုက်သောအခါ ဆိုင်ပိုင်ရှင်က အတွေးပြောင်းသွားပြီး "အနောက်ဘက်က မီးဖိုခန်းထဲကို သွားပြီး အန်တီလန်ကို ခေါ်လာခဲ့" ဟု ပြောလိုက်သည်။
ဆိုင်ပိုင်ရှင်က ဝါးရွက်ကို မနှမြောသော်လည်း ရိုက်ကူးရေးကို အသုံးချပြီး ဆိုင်နာမည်ကြီးအောင် လုပ်မည်ဟု စဉ်းစားလိုက်သည်။
ထိုအချိန်တွင် ဆုယောင်တို့ အဖွဲ့သားများနှင့် ဆိုင်ပိုင်ရှင်က အတွေးကိုယ်စီတွေးကာ ပြုံးလိုက်ကြတော့သည်။
သို့သော် ဆုယောင်တို့က အန္တရာယ်များသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ကို မသိခဲ့ကြချေ။
ထိုအစား သူတို့က ကောက်ညှင်းထုပ်ထဲတွင် ထည့်ရမည့် အစာကိုသာ ရွေးချယ်နေကြသည်။
အချိုအုပ်စုက ပဲအနှစ်နှင့် တရုတ်ဆီးယိုကိုသာ ထည့်ခိုင်းကြသော်လည်း အငံအုပ်စုက ပို၍ တောင့်တကြသည်။