(၃) နတ်ဆိုးလေး ကိုယ့်ကို လွမ်းနေတာလား?

9.1K 733 20
                                        

အပိုင်း (၃) - နတ်ဆိုးလေး ကိုယ့်ကို လွမ်းနေတာလား?

"ရွေ့ကော.. ကော ဒီရသစုံရှိုးမှာ ပါဝင်ချင်လို့လား။" ယန်ရွေ့ချင်းက ပန်းသီးအခွံခွာနေရင်း နွေးထွေးသည့် အသံနှင့် မေးလိုက်သည်။ သူ၏ သနားစဖွယ် မျက်လုံးများက ဖုန်းစစ်ရွေ့ကို ကြည့်နေပြီး အနည်းငယ်တုန့်ဆိုင်းနေသည်။


ဖုန်းစစ်ရွေ့က ဒေါသဖြစ်နေပြီး ဖုန်းကိုင်ထားသည့် သူ၏ လက်ဆစ်များက အနည်းငယ် ဖြူဖျော့နေ၏။ "ငါက ပရိုဂရမ်အကြောင်း တစ်ချက်လောက်ကြည့်ရုံပဲ။ ပါမယ်လို့ မပြောခဲ့ဘူး။"


သူ့အသံက ထိုင်းမှိုင်းပြီး အရေးမစိုက်သည့် ဟန်ပင်။ သို့သော် ယန်ရွေ့ချင်းက ကျင့်သားရနေပြီ ဖြစ်သည်။ သူက လှီးထားသည့် သစ်သီးကို လှမ်းပေးလိုက်၏။ "ရွေ့ကော စားပါဦး။"


"အဲဒီမှာထားလိုက်။ ငါ နောက်ကျ စားလိုက်မယ်။" ဖုန်းစစ်ရွေ့၏ စိတ်က ဗလာကျင်းနေဆဲ ဖြစ်သည်။


ခဏရပ်တန့်နေပြီးနောက် သူက ထပ်ပြောလိုက်သည်။ "အရင်ပြန်နှင့်။ ခဏနေရင် ရှန်ယွိ ဒီကို လာတော့မှာ။"


ယန်ရွေ့ချင်းက အံ့သြမှင်တက်သွားသည်။ "ရွေ့ကောက ကျွန်တော် လာရှုပ်နေတယ်လို့ တွေးနေတာလား။"


ရှန်ယွိ မကြာခင် လာတော့မှာမို့ ဖုန်းစစ်ရွေ့က သူ့ကို တကယ်ကြီး မောင်းထုတ်နေသည်လား။


ယခင်က ထိုကဲ့သို့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။


ဖုန်းစစ်ရွေ့က စိတ်တိုတိုနှင့် သူ့ မျက်ခုံးတို့ကို ပွတ်ရင်း ပြောလိုက်သည်။ "ငါ အခု သန့်ရှင်းရဦးမယ်။"

ရှန်ယွိက ပုံမှန်ဆိုလျှင် ကောင်းကောင်းမွန်မွန် ပြုမူသော်လည်း ယန်ရွေ့ချင်းကို မြင်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ရူးသွပ်လာမည် ဖြစ်သည်။

သူ့ကို သတိမပြုမိသွားမှာစိုးသည့်အလား သူက ပြင်းပြင်းထန်ထန်ကို ကြိုးစားသရုပ်ဆောင်တော့သည်။ သူ့အပြုအမူများက တမင်ပြုမူနေမှန်း သိသာလှသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Wo Geschichten leben. Entdecke jetzt