အပိုင်း (၆၄) ကျွန်တော် ဘာတွေတွေးနေသလဲဆိုတာ ကော သိနေတယ်မလား။
ရက်များစွာကြာအောင် ဖုန်းစစ်ရွေ့က ရှန်ယွိနှင့် အတူနေခဲ့သည်။။ ထို့ကြောင့် သူသည် ခင်ပွန်းဖြစ်သူ ရုပ်ရှင်ရိုက်နေစဉ်အတွင်းမှာတောင် မခွဲနိုင်မခွာရက်ဖြစ်နေသော ချစ်စိတ်ပြင်းပြသည့် ခင်ပွန်းသည်တစ်ဦး ဖြစ်လာတော့၏။
နောက်ဆုံးတွင်တော့ မိုးများ ရွာသွန်းနေပြီး စိတ်ဓာတ်ကျစရာကောင်းလှသောနေ့တစ်နေ့၌ သူတို့နှစ်ဦးသည် ဟိုတယ်အဝင်ဝ၌ ကင်မရာများ၊ မိုက်များကိုင်ထားသော လူတစ်သိုက်ဆီမှ တားဆီးခြင်းကိုခံလိုက်ရသည်။
"ဖုန်းလူကြီးမင်း၊ ရှန်သခင်လေးနဲ့ ခင်ဗျားရဲ့ကြားမှာ တတိယလူရှိနေတယ်ဆိုပြီး သတင်းတွေ ပျံ့နေပါတယ်။ အခုအချိန်မှာ ခင်ဗျားတို့က ဟိုတယ်မှာ ရက်အတော်ကြာအောင် အတူတူ နေနေကြတယ်ဆိုတော့ ကောလဟာလတွေကို ပပျောက်သွားအောင် တတ်နိုင်သမျှ လုပ်နေကြတာပါလား။"
"ရှန်လောင်ရှီး၊ ရှန်လောင်ရှီးက ဖုန်းမိသားစုရဲ့ ဘိုးဘွားပိုင်အမွေကို ဆက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါက ဖုန်းမိသားစုက ခင်ဗျားကို လက်ခံလိုက်တဲ့ သဘောဖြစ်တာမို့ နောင်အနာဂတ်မှာ ခင်ဗျားက အာဏာရှိတဲ့လူတစ်ယောက်ဖြစ်လာမှာလား။"
"ဖုန်းလူကြီးမင်း၊ တတိယလူက ဘယ်သူပါလဲ။ ယန့်ရွေ့ချင်းများ ဖြစ်နေမလား။"
တဆာဆာမေးမြန်းနေသော သတင်းထောက်များကို သက်တော်စောင့်တို့က တားဆီးနေရသော်လည်း ရှန်ယွိကမူ ဒါဟာ သူ့ကို လိုက်ရှုပ်နေသည့် ပင့်ကျောင်းစီအီးအိုကို ရှင်းပစ်နိုင်မည့် အကောင်းဆုံးအခွင့်အရေးဟု မြင်နေသည်။
ထို့ကြောင့် သူ မိုက်ကို ဆွဲယူလိုက်ပြီး စပြော၏။ " ဒီတတိယလူက..."
သူ့ စကားပင်မဆုံးလိုက်ဘh ဖုန်းစစ်ရွေ့က လက်ထဲမှ မိုက်ကို ဆွဲလု၍ ရှန်ယွိဘက်သို့ လှည့်ပြီး စိုက်ကြည့်ရင်း ပြောသည်။ " တတိယလူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။"
"ငါ... ဖုန်းစစ်ရွေ့ရဲ့ နှလုံးသားထဲမှာ ရှန်ယွိတစ်ယောက်ပဲရှိတယ်..."
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
