(၁၉) အပမှီနေသလိုပဲ.. ပြေးလို့ကို မလွတ်နိုင်ဘူး

7.2K 696 42
                                        

အပိုင်း (၁၉) အပမှီနေသလိုပဲ.. ပြေးလို့ကို မလွတ်နိုင်ဘူး

ဖုန်းစစ်ရွေ့က ထိုစကားလုံးများကို ချန်ရစ်ကာ လုံးဝကို ကြောင်အရှုပ်ထွေးနေသည့် ရှန်ယွိကို သူနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရှန်ယွိက ရုန်းလိုက်နိုင်သည်။ "ရွေ့ကော.. ဘာလုပ်နေတာလဲ။ ဘာလို့ ဒေါသထွက်ရတာလဲ။"


ဖုန်းစစ်ရွေ့က ​ဒေါသထွက်လွန်းသဖြင့် ရယ်ချင်လာသည်ကို ခံစားမိလိုက်သည်။ သူက ခေါင်းလှည့်ကာ ရှန်ယွိအား စိုက်ကြည့်လိုက်သည်။ "ငါက ယန်ရွေ့ချင်းကို ဒေါသထွက်နေတာ။ မင်းက ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ။"


"သူ့မှာ စောင့်ထိန်းရမယ့် အရှက်သိက္ခာတောင် မရှိဘူး။ ငါတို့နဲ့အတူ လိုက်လာတာက ပြဿနာဖန်တီးနေတာပဲ မဟုတ်ဘူးလား။"


ကင်မရာက အထက်အောက် ရွေ့လျားသွားပြီး ဖုန်းလောင်ကုန်း၏ စကားများကို သဘောတူဟန် ပြသလိုက်သည်။


ရှန်ယွိက မျက်လုံးများကို မှေးကာ ကြည့်လိုက်၏။ "ရွေ့ကော ခင်ဗျား အရင်တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး။"


"ငါ အရင်က ဘယ်လိုမျိုးလဲ။" ဖုန်းစစ်ရွေ့၏ မျက်နှာက အေးစက်နေသည်။

ရှန်ယွိက ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။ "ကောက လူကြီးလူကောင်းဆန်ဆန်ပဲ နေနေကြမလား။"

-- 'ခွေးကောင် ခင်ဗျားရဲ့ ဦးနှောက်က ဘယ်အပိုင်း ပျက်စီးသွားလို့လဲ မသိပေမယ့် ခင်ဗျားက တကယ်ပဲ ​ကြာပန်းဖြူလေးကို ဒေါသထွက်ရဲတယ်ပေါ့လေ။'

-- 'အဲဒါက စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးအဖြစ် အချိန်အကြာကြီး ထင်ကျန်နေခဲ့တော့မှာကို မကြောက်ဘူးလား။'

-- 'ကျစ်ကျစ်ကျစ်*(စုတ်သပ်သံ) ဒီခွေးကောင်က တကယ် ယုံကြည်ကိုးစားလို့ မရဘူးပဲ။'

"ဟမ်း..." ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်သွားသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Donde viven las historias. Descúbrelo ahora