အပိုင်း (၅၃) 'ဒီနှစ်ယောက်' ဆိုတာက ဘယ်နေရာကနေ ထွက်လာတာလဲ။
ယန်ရွေ့ချင်းက သနားစရာကောင်းအောင် သူ၏ အခက်အခဲများကို ငိုကြွေးပြရင်း အခြားသူများ၏ စာနာမှုကို ရယူရန် ကြိုးစားလာပြီး သိပ်မကြာခင်မှာပင် အစပိုင်း၌ သူ့အတွက် အရေးမသာနေခဲ့သော အခြေအနေက ပြောင်းပြန် ပြန်ဖြစ်လာသည်။
အဆုံးမှာတော့ သူက ပရိတ်သတ်များ၏ အောက်ခြေစည်းဖြစ်သည့် လိင်မှုကိစ္စ၊ လောင်းကစားနှင့် ဆေးဝါးသုံးစွဲခြင်း စသည်တို့ကို လုပ်ဆောင်ထားခြင်း မဟုတ်နေပေ။ ထို့ကြောင့် ပြည်သူလူထုက သူ့အပေါ် အတော်လေး သည်းခံပေးခဲ့သည်။
ပျင်းတိပျင်းရွဲ မှီထိုင်နေရင်း ဖုန်းကို ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည့် ရှန်ယွိက နှုတ်ခမ်းတွန့်လိုက်သည်။ ထို့နောက် သူ့အမူအရာက နစ်နာမှုခံလိုက်ရသလို မကျေမနပ်အသွင်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ဖုန်းစစ်ရွေ့ဘက်ကို လှည့်ကြည့်လိုက်သည်။ "ရွေ့ကော.. ယန်ရွေ့ချင်းက ဒီလို လှည့်စားနေမယ်ဆိုရင် ကျွန်တော်လည်း......."
"မင်း ထပ်ပြောစရာ မလိုတော့ဘူး။ ငါ သိပြီးပြီ။" ဖုန်းစစ်ရွေ့က ခေါင်းညိတ်လိုက်သည်။ "မင်း နောက်ထပ် ဘာဆက်လုပ်ချင်လဲ။"
ရှန်ယွိက ထိတ်လန့်သွားသည်။
-- 'ငါက ဘာလုပ်နိုင်မှာလဲ။ ရိုက်ကူးရေးအဖွဲ့ဆီကနေ ငါ ရမယ့် ပိုက်ဆံကို ပြန်တောင်းရမှာပေါ့။ အဲဒါက ယွမ်တစ်သိန်းတောင်မှလေ။'
"မမေ့နဲ့ဦး။ အဲဒီ ဆုကြေးငွေတစ်ဝက်က ငါပိုင်တာ။" ဖုန်းစစ်ရွေ့က မနေနိုင်ဘဲ သူ့ကို သတိပေးလိုက်သည်။
"အမ်း..." ရှန်ယွိက စိတ်ထဲမှ မျက်လုံး လှိမ့်လိုက်၏။
-- 'တစ်သိန်းလောက်ပဲကို သူက ဘီလီယံရာနဲ့ချီတယ်များ ထင်နေတာလား။ ဘာလို့ ဒီဟာကိုပဲ အတင်းဝေစုခွဲချင်နေရတာလဲ။'
-- 'ငါတစ်ယောက်တည်း အလုပ်ကြိုးစားခဲ့ရတယ်ဆိုတာ အသိသာကြီးကို...'
VOUS LISEZ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Roman d'amourNote: ပင့်ကျောင်းစီအီးအို = Yandere CEO
