အပိုင်း (၅၇) ခွေးကောင်ရဲ့ စိတ်ရင်းအမှန်ကို ဖောက်မြင်တဲ့ ဒီလူရဲ့ အမြင်အာရုံက သိပ်ကောင်းတာပဲ။
Maybach ကားထဲတွင် စီအီးအိုနှင့် ဘေးချင်းကပ်ထိုင်နေရသော ရှန်ယွိမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေ၏။ သူသည် တွေဝေနေသော အကြည့်တို့ဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောနေရင်းမှ ဖုန်းစစ်ရွေ့ထံ မသိမသာ ချောင်းကြည့်လိုက်သည်။
--‘ဘာလို့ ခွေးကောင်က ငါ့ကိုဘာမှမမေးရတာလဲ။'
-- ‘ သူ့မှာ လူကျင့်ဝတ် မရှိဘူးလား။'
-- ‘နေ့ခင်းကြောင်တောင်ကြီး ပြစ်မှုကျူးလွန်နေတဲ့ ကိုလူချောတစ်ယောက်ကို မြင်တာတောင် ဂရုမစိုက်ဘူးပေါ့လေ။'
‘ပြစ်မှုကျူးလွန်နေတဲ့ ကိုလူချောတဲ့လား။' ဒီလိုအချိန်မျိုးမှာတောင် သူ့ကိုယ်သူ မြှောက်ပင့်ဖို့တော့မမေ့ဘူးပဲ။
ဖုန်းစစ်ရွေ့က ပြုံးရိပ်သန်းနေသောမျက်လုံးများဖြင့် ရှန်ယွိဘက်သို့ လှည့်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။ “ဘယ်လိုဖြစ်ပြီး ရှန်ချန်းနဲ့ ပြဿနာတက်ရပြန်တာလဲ။”
“ သူနဲ့ကျွန်တော်က အကြည့်ချင်း စုံလို့ကို မရတာပါ…” မနာလိုစိတ်တို့ ပါဝင်သည့် ကြောက်မက်ဖွယ် အကြည့်ကို ဆင်မြန်းထားရင်း ရှန်ယွိက ပြောလိုက်သည်။“ကျွန်တော့်အဖေရဲ့ အချစ်တွေကို လုသွားတဲ့သူမို့ သူ့ကိုဒုက္ခပေးနေတာ…”
ဖုန်းစစ်ရွေ့က သူ့စကားကိုဖြတ်ကာ ပြောလိုက်သည်။“သူက အရိုက်ခံရသင့်တယ်…”
ခဏကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် သူထပ်ပြောလာသည်။ “ဆေးကုသစရိတ်ကို ကိုယ် ပေးပါ့မယ်။”
ရှန်ယွိ “…”
-- ‘ဒီခွေးကောင်က ဘာလို့ ငါ့ထပ် ပိုကြောက်ဖို့ကောင်းနေရတာလဲ။'
ညနေခင်း၌ ဖုန်းစစ်ရွေ့နှင့် သူ၏ ခင်ပွန်းလေးတို့သည် ဖုန်းအိမ်တော်သို့ရောက်လာခဲ့ကြသည်။
အိမ်တော်၏ ဝင်ပေါက်၌မူ သတင်းထောက်ပေါင်းများစွာက ဓာတ်ပုံများ အမိအရ ဖမ်းယူရန် စောင့်ဆိုင်းနေကြ၏။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
