(၆၀)

4.2K 346 4
                                        

အပိုင်း (၆၀) ကျွန်တော်ကတော့ သူ့ကို အတုအယောင်လို့ ထင်တယ်။

ဘာကြောင့်မှန်းမသိသော်လည်း ရှန်ဖေးယွီသည် စျေးတစ်ခါခေါ်ပြီးသည်နှင့် ထပ်၍ စျေးခေါ်ခြင်းမရှိတော့ဘဲ သူ၏ ထိုင်ခုံ၌သာ ဝိညာဉ်တစ်ကောင်နှယ် ထိုင်နေတော့၏။

ဘေးဘီဝဲယာရှိ ဧည့်သည်တော်တို့မှာ သူ့အား စပ်စုလိုစိတ်နှင့် အကဲခတ်ကာ သူ့ လုပ်ဆောင်ချက်များကို မှန်းချက်ထုတ်နေကြလေသည်။

လက်ရှိအချိန်၌ သူလုပ်ဆောင်လိုက်သော အပြုအမူသည် ရှင်းရှင်းလင်းလင်း  ဖုန်းမိသားစုကို ဆန့်ကျင်‌တော့မည့် ပုံပေါ်နေ၏။

ရှေ့ဆုံးတန်းတွင်ထိုင်နေသော အကြီးအကဲဖုန်းသည်ပင် နောက်သို့ပြန်လှည့်ကြည့်ခဲ့လေသည်။

သူ၏ မျက်နှာထားကမူ စိတ်ရှုပ်သွားသည်ထက် အံဩမှင်သက်နေသည့်ပုံ ပိုပေါက်သည်။

အထက်တန်းလွှာရှိ လူတို့သည် အသိဉာဏ်မဲ့သူများ မဟုတ်ကြပေ။

ထိုသူတို့သည် တစ်ဖက်သား၏ ပြုမူပြောဆိုပုံကိုကြည့်ပြီး အကဲဖြတ်ရာ၌ ကျွမ်းကျင်သူများဖြစ်ကြသည်။

သို့ဖြစ်ရာ ထိုလူမှာ  ရိုးရှင်းသောသူ မဟုတ်ကြောင်း လူတိုင်းသိနေသည်မှာ သဘာဝကျလှပေသည်။

ရှန်ယွိသည် တန်ဖိုးကြီးလက်စွပ်အား လာရောက်ယူဆောင်ရန် စင်မြင့်ထက်သို့ ဖိတ်ကြားခံလိုက်ရသည်။

သူက သူ၏ မူပိုင်အပြုံးကို ပြုံးလျှက် လေလံတင်ဆက်သူထံမှ မိုက်ကိုယူကာ လက်ခံစကားပြောလိုက်သည်။“ဖုန်းမိသားစုရဲ့ ဒီအမွေအနှစ်ကို ထိန်းသိမ်းရာမှာ အကူအညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီပစ္စည်းကို ကျွန်တော်ရဖို့ ကူညီပေးခဲ့တဲ့ ကြွရောက်လာကြပါသော ဧည့်သည်တော်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်…”

“ဒါပေါ့... ဒီနေရာမှာ ဖုန်းမိသားစုအပေါ် နည်းနည်း မကျေမနပ်ဖြစ်နေနိုင်တဲ့ မိတ်ဆွေတချို့ ရှိနေလောက်မယ်ဆိုပေမယ့်လေ…”

သူက ပြောရင်းနှင့် မျက်ခုံးပင့်ကာ ဖုန်းစစ်ရွေ့ထံ အဓိပ္ပါယ်အပြည့်ပါသည့် အကြည့်တစ်ချက်ပေးလိုက်ပြီး “ကံကောင်းစွာနဲ့ပဲ ဒီမိတ်ဆွေက အတိတ်ကကိစ္စတွေအားလုံးကို မေတ္တာတရားလက်ကိုင်ထားလို့ သည်းခံဖြေရှင်းနိုင်ခဲ့ပါတယ်…” 

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now