အပိုင်း (၃၀.၁) အနမ်းခန်းရော အိပ်ရာဝင်ခန်းရော မပါပါဘူး.. ဒီဇာတ်ညွှန်းက သန့်သန့်လေး!
-- 'အမေရေ လန့်ပြီး သေလုနီးပါးပဲ!'
-- 'ဒီခွေးကောင်က ဘာလို့ အသံလေးတစ်သံတောင် မထွက်ဘဲ အနားကို လျှောက်လာရတာလဲ။ လေလွင့်နေတဲ့ သရဲတစ္ဆေကျနေတာပဲ!!'
-- 'သူက ငါတို့ ကွာရှင်းတဲ့အခါ ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးရမှာကို ကြောက်နေတာ ဖြစ်ရမယ်။ အဲဒါကြောင့် ငါ့ကို သေသွားအောင် ခြောက်လှန့်ချင်နေတာပဲ!'
သူက စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း မျက်နှာထက်၌ စိတ်အားထက်သန်မှုအပြည့်နှင့် ဖြစ်သည်။ "ရွေ့ကော ပြန်လာပြီလား။"
"ဘာလို့ အစောကြီး ပြန်လာတာလဲ။"
"ကျွန်တော်က ကော ပြန်မလာဘူးတောင် ထင်နေတာ။"
ဖုန်းစစ်ရွေ့ , "အဲဒီတော့ မင်းက ငါ ပြန်လာတာကို မပျော်ဘူးလား။"
-- 'ခွေးကောင် ဘယ်မျက်လုံးကနေ ငါ မပျော်ဘူးဆိုတာ မြင်နိုင်တာလဲ။?!'
"ဘယ်လိုလုပ် မပျော်ဘဲ နေရမှာလဲ။" ရှန်ယွိက သူ့လက်ထဲမှ ဇာတ်ညွှန်းကို ခေါင်းအုံးအောက်ထဲ ထိုးထည့်လိုက်သည်။ "ကျွန်တော်က ကော တခြားနေရာကို ပြန်မယ်လို့ ထင်လိုက်မိလို့ပါ။"
-- 'ကျုပ်တို့က ကွာရှင်းကြတော့မှာလေ။ အဲဒီတော့ ခင်ဗျားက ကျုပ်ရဲ့ ဗီလာကို လိုချင်မျက်စိနဲ့ တပ်မက်ပြီး ခင်ဗျားရဲ့ မြေခွေးအမြီးကို ဖော်ပြလာတာ မဟုတ်ဘူးလား?!'
-- 'မဟုတ်ရင် အရင်ကတည်းက ဒီမှာနေဖို့ ပြန်မလာဘဲ အခုကျမှ ခင်ဗျားရဲ့ တည်ရှိမှုကို ထုတ်ဖော်ပြချင်နေရတာလဲ။'
-- 'သူက အခုတော့ သူ့ရဲ့ အရောင်အစစ်အမှန်ကို ပြလာပြီပဲ။'
ဖုန်းစစ်ရွေ့ , "..."
'သူ့ ပါးစပ်ဖွင့်နေနေ ပိတ်နေနေ အချိန်တိုင်း ကွာရှင်းဖို့ မဟုတ်ရင် ပိုင်ဆိုင်မှုခွဲဝေဖို့ အကြောင်းပဲ။ သူ တခြားကိစ္စ မတွေးနိုင်ဘူးလား။'
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
