အပိုင်း (၁၂) ငါက သတ္တိကြောင်တာ မဟုတ်ဘူး... မိသားစု တည်ငြိမ်အေးချမ်းဖို့အတွက် လုပ်ခဲ့ရုံပဲ!
အသားကင်ချက်ပြုတ်ပြီးနောက် အခြားဟိုတယ်ကို ရှာဖွေရန် မိုတယ်မှ ထွက်သွားခဲ့သည့် အဖွဲ့နှစ်ဖွဲ့က လက်ထဲ၌ လက်ဆွဲသေတ္တာများကိုင်ရင်း စိတ်ဓာတ်ကျစွာနှင့် ပြန်ရောက်လာကြသည်။
ရှန်ယွိက လက်ထဲတွင် တံစို့ထိုးထားသည့် အမဲသားချောင်းကို ကိုင်ထားကာ သူ့ပါးစပ်ထဲသို့ ထည့်ရန် မစောင့်နိုင်တော့ပေ။ သူ၏ မျက်လုံးထောင့်မှနေ၍ ကျရှုံးလာသည့် လူလေးယောက်ကို မြင်လိုက်ရသည်။
သူက ခေါင်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး ထိုသူများအား မမြင်ချင်ယောင်ဆောင် လိုက်သည်။
ဖုန်ဟွမ့်မေက ရွေးချယ်စရာမရှိတော့ဘဲ သူတို့ထိုင်နေသည့် ဘက်သို့ လျှောက်လာကာ ပြောလိုက်သည်။ "ဟယ်လို အခန်းတစ်ခန်းခန်းလောက်များ ကျန်သေးလား။"
Gervais က ရှန်ယွိ၏ အဖြေကို စောင့်နေသကဲ့သို့ သူ့ကို လှမ်းကြည့်လိုက်သည်။ သို့သော် ရှန်ယွိက ထိုအော်ပရာသရုပ်ဆောင်အား ကြည့်ရန် စိတ်မဝင်စားခဲ့ပေ။
"ဆောရီးပါ။ ကျွန်တော်တို့က အပြင်စီးပွားရေး မလုပ်ဘူး။ ဒီ RV တွေကို စုဝေးထားတာက အပျော်သဘောနဲ့ စုဝေးကြမယ့် ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့အတွက် သီးသန့်ပါပဲ။" သူက ခေါင်းကို ကုတ်ခြစ်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် ရှက်ရွံ့နေပုံရသည်။
Gervais ပြောသည်က အမှန်ပင် ဖြစ်သည်။ သူတို့က သူတို့ နေချင်သရွေ့ နေကြမည်ဖြစ်ပြီး သူတို့ သွားချင်သည့် ဘယ်အချိန်မဆို ထွက်သွားကြမည် ဖြစ်လေသည်။ သူတို့က သွားချင်သည့် ဆန္ဒရှိသရွေ့ မည်သည့်နေရာမဆို ကားမောင်းကာ သွားနိုင်ကြပေသည်။
"ဒါပေမယ့် မင်း အခုလေးတင် သူ့ဆီကနေ ပိုက်ဆံလက်ခံလိုက်တယ် မဟုတ်ဘူးလား။" ဖုန်ဟွမ့်မေက အရုပ်ဆိုးလှသည့် မျက်နှာနှင့် ရှန်ယွိကို လက်ညှိုးထိုးပြလိုက်သည်။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
