(၂) အမှန်အတိုင်းပြောရရင် ငါ အရင်တုန်းက လေလိုပဲ ဆက်ဆံခံရတာပါ..

10.5K 723 17
                                        

အမည်အမှားပြင်ဆင်ချက် - ပထမပိုင်းမှာရေးထားတဲ့ ရှန်းယွီကို ရှန်ယွိလို့ ပြင်ပါ့မယ်။ နာမည်အမှန်က ရှန်ယွိ(沈玉) ပါ။ ယွိက ကျောက်စိမ်းဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

(၂) အမှန်အတိုင်းပြောရရင် ငါ အရင်တုန်းက လေလိုပဲ ဆက်ဆံခံရတာပါ... သူ ဘာလို့ ရုတ်တရက်ကြီး ဉာဏ်အလင်းရသွားတာလဲ။

ဝှီးချဲလ်ပေါ်တွင် ထိုင်နေသည့် အမျိူးသား၏ မျက်နှာက ပြီးပြည့်စုံသည့် ရွှေအချိုးအစားဖြစ်ပြီး အနက်ရောင် မျက်ခုံးများနှင့် ထက်ရှသည့် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည်။ သူက ပြုံးနေသည်ဖြစ်စေ မပြုံးသည်ဖြစ်စေ သူ့မျက်နှာသည် အကြင်နာကင်းရက်စက်ခြင်းဟူသည့် သရုပ်သကန်ကို နက်နက်ရှိုင်းရှိုင်း ဖော်ပြထား၏။ သူ့မျက်နှာထက်၌ 'ငါ့အနားကပ်ရင် သေမယ်' ဟူသော စာလုံးများ ရေးထိုးထားသလို ထင်မှတ်ရပေသည်။

ရှန်ယွိ၏ နှလုံးသားက တုန်ယင်သွားပြီး သူက အကြည့်တို့အား အလျင်အမြန် ဆုတ်ခွာလိုက်ကာ ယန်ရွေ့ချင်းကို တစ်ခါထပ်ကြည့်လိုက်သည်။

သူက မနေနိုင်ဘဲ ဤခေါင်း၌ ပြဿနာရှိနေသော အမျိုးသားဇာတ်လိုက်က အနှီကြာပန်းဖြူလေးအတွက် အလိုက်ဖက်ဆုံး ဖြစ်နေဆဲ ဖြစ်ကြောင်း တွေးမိပြီး သက်ပြင်းချလိုက်မိ၏။ သူက ထိုရွှံ့အိုင်ကို မနင်းမိလျှင် အကောင်းဆုံး ဖြစ်သည်။


ကွာရှင်းပြီးနောက် သူက တတ်နိုင်သမျှ ခပ်ဝေးဝေးသို့ ပြေးသွားသင့်ပေသည်။


ဖုန်းစစ်ရွေ့၏ သက်တော်စောင့်က သူတို့ထံ လျှောက်လာပြီး ကြာပန်းဖြူလေး ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။ သူ၏ နူးညံ့သိမ်မွေ့သော်လည်း နေမကောင်းသဖြင့် ချောင်ကျနေသော မျက်နှာထက်၌ နစ်နာမှုတို့အပြည့်နှင့် ရှိနေခဲ့သည်။ "ရွေ့ကော ရှန်ယွိကောကို အပြစ်မတင်ပါနဲ့။ သူ တမင်လုပ်တာ မဟုတ်ပါဘူး။"


"ကျွန်တော် သူ့ကို မတွန်းခဲ့ဘူး...." ရှန်ယွိက မျက်လုံးများကို ဖွင့်ပြီး အဓိပ္ပါယ်မရှိ လျှောက်ပြောနေကာ သူ့မျက်နှာထက်၌ ရိုးသားမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုတို့ ရှိနေခဲ့၏။ သူက ဗီလိန်၏ ကောက်ကျစ်ယုတ်မာမှုနှင့် သူတော်ကောင်းယောင်ဆောင်မှု အပြည့်ကို ပြသလိုက်သည်။ "သူ့ဟာသူ လဲကျသွားပြီး ကျွန်တော့်ကို အကွက်ဆင်နေတာ။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя