အပိုင်း (၃၁.၁) တိုက်ရိုက်ကြည့်ရတာက စခရင်ကနေတဆင့် ကြည့်ရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်!
ရှန်ယွိက ပြောပြီးနောက် ဒေါသတကြီးဖြင့် ချင်းယွီဟန့်၏ ရုံးခန်းအတွင်းမှ ထွက်သွားခဲ့သည်။ ချင်းယွီဟန့်က သူ့ကို ရပ်တန့်စေရန် လက်မောင်းအား ဆွဲထား၍ ပြောလိုက်၏။ "နင် စိတ်အေးအေးထားပါဦး။"
"စိတ်အေးအေးထားရမယ်?" ရှန်ယွိက သည်းမခံနိုင်တော့သလို ခံစားလိုက်ရသည်။ "ကျမ်းဂန်ဖြန့်ဝေဖို့ တာဝန်နဲ့ ချည်နှောင်မိသွားတဲ့ ထန်စန်းက တလျှောက်လုံး ရုန်းကန်လာခဲ့ပြီးမှ အခု စမ်းသပ်ချက် ၈၁ ခုကို ရင်ဆိုင်ရဦးမှာလား?"(ဆင်ပြောင်ကြီးအမြီးကျမှတစ် ဆိုသလို တလျှောက်လုံး ကြိုးစားလာပြီး အဆုံးကျမှ ကျရှုံးခြင်း)
"ကျွန်တော် အခု မစ္စတာယွီဆီ သွားပြီး မေးရမယ်။ သူ ဘာလို့ ကျွန်တော့်ကို သရုပ်ဆောင်ခွင့်မပြုရတာလဲဆိုတာ။"
ချင်းယွီဟန့်က သူ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထား၏။ "ဘာကြောင့်လဲလို့ သူ့ကို သွားမေးလည်း အသုံးဝင်မှာ မဟုတ်ဘူး...."
"အဲဒီဇာတ်လမ်းကို မရိုက်ခိုင်းတော့တဲ့လူက နင့်ရဲ့ ယောက်ျားပဲ။"
ရှန်ယွိက နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။ "ခွေးကောင်လုပ်တာလား?"'သူက ဘယ်လိုလုပ် အဲဒီလောက်မြန်မြန်ကြီး လှုပ်ရှားနိုင်ရတာလဲ။'
"ဘာခွေးလဲ။" ချင်းယွီဟန့်က ဇဝေဇဝါ ဖြစ်သွားသည်။
ရုံးခန်းအပြင်ဘက်သို့ ထွက်လာပြီး ရှန်ယွိက အရေးပေါ်လှေကားနားတွင် ပုန်းကွယ်ရင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် သူက နူးညံ့ချိုသာစွာ ပြောလိုက်၏။ "ရွေ့ကော ဒီနေ့ နေ့လယ်ခင်း အားလား။ ကျွန်တော် နေ့လယ်စာ ဝယ်ကျွေးမယ်လေ။"
"ခဏနေဦး။ ငါ့အချိန်စာရင်းအကြောင်း အတွင်းရေးမှူးကို မေးလိုက်ဦးမယ်။" ဖုန်းစစ်ရွေ့၏ အသံက သာမန်ကာလျှံကာ ထွက်ပေါ်လာသည်။ "မင်းကို နောက်ကျ ပြန်ခေါ်လိုက်မယ်။"
VOUS LISEZ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Roman d'amourNote: ပင့်ကျောင်းစီအီးအို = Yandere CEO