အပိုင်း (၅၄) ညလယ်ခေါင်ကြီး အဝတ်အစားမပါတဲ့ပုံ ရိုက်ပြဖို့ လာတောင်းဆိုနေတာလား?
ဖုန်းစစ်ရွေ့က ရိုက်ကူးရေးအဖွဲ့မှ ထွက်သွားခဲ့ပြီး သူ့ကားထဲသို့ ဝင်ပြီးနောက် တစ်ယောက်ယောက်ထံ ဖုန်းခေါ်လိုက်သည်။ "လင်လုဖေးနဲ့ ချိန်းဆိုချက် လုပ်ပေး။"
"ဒီနေ့ည ရှစ်နာရီ ငါ သူနဲ့ တွေ့ချင်တယ်။"
ရှန်ယွိ၏ စိတ်ထဲမှ အတွေးများတွင် လင်လုဖေးအကြောင်း တစ်ခါတစ်ရံ ပြောတတ်ပြီး ထိုသူ့ကို မတူကွဲပြားစွာ ဆက်ဆံသည်ကို မြင်ရသည့်အခါ ဖုန်းစစ်ရွေ့က စိတ်မသက်မသာ ခံစားခဲ့ရပေသည်။ အထူးသဖြင့် ထိုလူက အခု ကွာရှင်းခဲ့လိုက်ပြီ ဖြစ်သည်။
သူက စိတ်ထဲ၌ အန္တရာယ်ကို ခံစားနေရသော်လည်း ဝန်မခံချင်ပေ။
ညရှစ်နာရီတွင် အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်၌ ဖုန်းစစ်ရွေ့က စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေကာ သူ့လက်ထဲမှ ဝိုင်နီဖန်ခွက်ကို အနည်းငယ် လှုပ်ယမ်းနေပြီးနောက် တစ်ငုံသောက်လိုက်သည်။
သူနှင့် တစ်စားပွဲတည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရန် ထူးခြားသည့် အရှိန်အဝါနှင့် ချောမောသော အမျိုးသားတစ်ယောက် ရောက်လာခဲ့သည်။ ကွာရှင်းပြီးနောက် ထိုသူက အနည်းငယ် ပို၍ ရင့်ကျက်တည်ငြိမ်လာပုံ ပေါ်သည်။ သူ့ကို မြင်ရသည်မှာ ရသစုံရှိုး ရိုက်ကူးစဥ်က နောက်ခံဘုတ်ပြားတစ်ခုကဲ့သို့ မလှုပ်မယှက် တုံဏှိဘာဝေ ပြုမူနေသည့် ပုံစံမျိုးနှင့် ကွာခြားပေသည်။
"ဟယ်လို မစ္စတာဖုန်း..." လင်လုဖေးက သူ၏ အနောက်တိုင်းဝတ်စုံမှ ကြယ်သီးတို့ကို ဖြုတ်ရင်း ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ခေါင်းကို မော့၍ ဖုန်းစစ်ရွေ့အား အကြောက်အလန့်ကင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ။"
ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းတို့က တင်းတင်းစေ့သွားသော်လည်း သူ့အမူအရာမှာ လက်ထဲမှ ဝိုင်ခွက်ကို ကြည့်တုန်းကနှင့် အတူတူသာ ဖြစ်သည်။ သူက ပြောလိုက်၏။ "ငါ ဘာလို့ မင်းကို ရှာတာလည်း မင်းကိုယ်တိုင် အသိဆုံး ဖြစ်မှာပေါ့။"
ESTÁS LEYENDO
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
