(၁၈) ငါတို့နောက်က လိုက်မလာနဲ့! စိတ်ရှုပ်ဖို့ကောင်းတယ်!

7K 697 5
                                        

အပိုင်း (၁၈) ငါတို့နောက်က လိုက်မလာနဲ့! စိတ်ရှုပ်ဖို့ကောင်းတယ်!

သူက လူအများကို သူတို့၏ အမှားများအား ထောက်ပြပြီး သူ၏ ဆိုးဝါးသော ပါးစပ်နှင့် ရက်ရက်စက်စက် တိုက်ခိုက်ရသည်ကို သဘောကျသော်လည်း ရှန်ယွိက လူအိုကြီးဖုန်းအပေါ်၌ အမှန်တကယ် ချစ်ခင်နှစ်သက်မှု ရှိပေသည်။

သူ ပထမဆုံး ကူးပြောင်းလာသည့်အချိန်၌ မူလခန္ဓာကိုယ်က ကြီးစွာသော စိတ်ပင်ပန်းဆင်းရဲခြင်းကို ခံစားနေရပြီး အလွန် ဖိနှိပ်ခံ​နေရချိန် ဖြစ်သည်။ လေလွင့်ခွေးနှင့် ကြောင်များကပင် သူ့ကို တက်နင်းသွားရဲကြသည်။ ထိုစဥ်က သူ၏ အခြေအနေက အလွန် ဆိုးဝါးရှုပ်ထွေးနေခဲ့သည်။

ထိုအခြေအနေအတွင်းမှ သူ့ကို ကူညီရန် လက်ကမ်းလင့်ခဲ့ပြီး ပြဿနာများကို ဖြေရှင်းပေးခဲ့သည်မှာ လူအိုကြီးဖုန်း ဖြစ်၏။ သူက မူလရှန်ယွိကို ရွှံ့အိုင်ထဲမှ ဆွဲထုတ်ပေးခဲ့ပြီး သူ့မြေးကို လက်ထပ်ရန် အကြံပေးခဲ့သည်။ သူက သတို့သမီးလက်ဆောင်အဖြစ် ဗီလာကိုပင် ပေးခဲ့လေသည်။

၎င်းတို့က ငွေရေးကြေးရေး အကူအညီမျှသာ ဖြစ်ပြီး သိပ်အရေးမကြီးလှပေ။

သို့သော် ရှန်ယွိက ဆောင်းတွင်း၌ မီးသွေးပို့ပေးခဲ့သည့် အကူအညီကို မေ့မပစ်နိုင်ခဲ့ချေ။

ထို့ကြောင့် သူက မည်သူ့ကိုမှ မျက်နှာသာမပေးဘဲ ဆူပူပြောဆိုတတ်သော်လည်း အဖိုးအိုဖုန်း၏ အရှေ့၌ ဆိုလျှင် မွေးကာစကြောင်ပေါက်လေးကဲ့သို့ နာခံတတ်လှပေသည်။ သူ၏ စကားပြောဆိုပုံကပင် အနည်းငယ် မြှောက်ပင့်ဖားယားနေဟန်ရှိသည်။

ဖုန်းစစ်ရွေ့သည်လည်း အဖိုးအိုဖုန်းအပေါ် ရှန်ယွိ၏ သဘောထားကို သတိပြုမိပေသည်။

သူ ယခင်က ၎င်းကို သတိမပြုမိခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်က ရှန်ယွိ၏ အပြုအမူများကို ထိန်းချုပ်နိုင်သည်မှာ ကံကောင်းပေသည်။ မဟုတ်လျှင် ရှိုးက ထုတ်လွှင့်ပြသ၍ မရတော့ဘဲ ဖြစ်သွားပေလိမ့်မည်။

သူပြန်သွားသည့်အခါ ယ အဖိုးဖုန်းကို ရသစုံရှိုး ကြည့်ရှုရန် ပြောခဲ့သည့်သူက မည်သူဖြစ်ကြောင်း တိုက်ရိုက်မေးကြည့်သင့်ပေသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя