(၃၃.၁) ရှန်ယွိရဲ့ စိတ်ထဲက အသံကို မကြားရတော့ တစ်ခုခုလိုနေသလို ခံစားရတယ်!

6.4K 559 12
                                        

အပိုင်း (၃၃.၁) ရှန်ယွိရဲ့ စိတ်ထဲက အသံကို မကြားရတော့ တစ်ခုခုလိုနေသလို ခံစားရတယ်!

သန့်စင်ခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အသံ၏ ခြောက်လှန့်မှုကြောင့် ယန်ချီချီနှင့် မစ္စတာယွီတို့က သူတို့ အပြုအမူများကို ဆက်လုပ်ရန် စိတ်ပါဝင်စားမှုမရှိတော့ပေ။ သူတို့က တွိုင်းလက်ထဲတွင် နာရီဝက်လောက် စောင့်နေခဲ့သည်။ ဝင်လာသည့်သူ မည်သူမှ မရှိသည်ကို သေချာမှ စိတ်​ပျက်လက်ပျက်နှင့် အပြင်သို့ ထွက်လာခဲ့ကြသည်။


သူတို့က စားချင်သောက်ချင်သည့် စိတ်လည်း မရှိတော့ပေ။ ထို့ကြောင့် သူတို့က ဓာတ်လှေကားစီး၍ မြေအောက်ကားပါကင်သို့ တိုက်ရိုက် သွားခဲ့ကြသည်။


"ချီချီ ငါတို့ကို ရှာမတွေ့သွားလောက်ပါဘူးနော်။ ဟုတ်တယ်မလား။" မစ္စတာယွီက သူ့လက်ကို မြှောက်ကာ ထိတ်လန့်သွားမှုကြောင့် ချွေးတို့ဖြင့် အနည်းငယ် စိုစွတ်နေသည့် ခေါင်းကို ထိလိုက်သည်။


ယန်ချီချီက သူ့အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ "ခင်ဗျားက ကြောက်နေတာလား။"


"မင်း ယောက်ျားက ရှေ့နေလေ။ ငါက ဘယ်လိုလုပ် မကြောက်ဘဲနေမှာလဲ။" မစ္စတာယွီက အပြစ်ရှိစိတ်နှင့် ပြောလိုက်သည်။


"သက်သေမရှိဘူး။ ခင်ဗျားက ဘာလာကြောက်ပြနေတာလဲ။" ယန်ချီချီက ဂရုမစိုက်ပေ။ "အပြင်ဘက်က တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားတယ်ဆိုတာ အထဲမှာ လူရှိတာကို မသိလို့ပဲလေ။"


မစ္စတာယွီက ကားကို စတင်မောင်းထွက်လိုက်သည်။ "အဲဒါဆို ကောင်းတယ်။ ကောင်းတယ်။ မြန်မြန် ပြန်ကြရအောင်။"

"အဲဒီအွန်လိုင်းဒရာမာ..." ယန်ချီချီက ရုတ်တရက် မစ္စတာယွီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ခင်ဗျား ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းမှာတော့ မဟုတ်ဘူးမလား။"


မစ္စတာယွီက ချက်ချင်းပင် သူ့ကို အားနာသည့်အပြုံးတစ်ခု ပြုံး​ပြလိုက်သည်။ "ငါက ဘယ်လို နောင်တရနိုင်မှာလဲ။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now