အပိုင်း (၂၁.၂) မင်း ရသစုံရှိုးမှာ တစ်ယောက်ယောက်ကို ရိုက်ခဲ့တာလား?
သူမ၏ ဆံပင်များက ဖရိုဖရဲ ပြန့်ကျဲနေပြီး သူမ မျက်နှာထက်၌ မျက်ရည်များဖြင့် ဖုံးလွှမ်းနေသည်။
"ကျဲ တောင့်ခံနိုင်သေးရဲ့လား။"
သူမက ယနေ့ စားသောက်ရန် ထွက်လာသည့်အချိန်၌ မည်သည့် အသားဖော်သော အင်္ကျီကိုမှ မဝတ်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ ခရမ်းနှင့် အပြာရောင် အညိုမည်းကွက်များ ရှိနေခဲ့၏။ သူမက အရိုက်ခံထားရပုံပေါ်လေသည်။
ရှန်ယွိက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ရဲခေါ်ဖို့အတွက် ကျွန်တော့်ကို ကူညီပေးစေချင်လား။"
ဝမ်ရှင်းအာက ထိတ်ထိတ်ပျာပျာ ခေါင်းခါလိုက်ပြီး ငိုရင်းနှင့် ပြောလိုက်သည်။ "မလို... မလိုပါဘူး။"
"မင်း ရဲခေါ်လိုက်ရင် ငါ ဒုက္ခရောက်ရလိမ့်မယ်။"
ရှန်ယွိက စိတ်ဆိုးမာန်ဆိုးနှင့် သူ၏ ဆံပင်များကို ဆွဲဖွလိုက်ပြီး ဒေါသတို့အား ဖိနှိပ်လိုက်သည်။ "ဒါဆို ခင်ဗျားရဲ့ ဒေါသတွေကို သက်သာစေဖို့အတွက် ခင်ဗျားက သူ့ကို ရိုက်ပစ်ဖို့ ခိုင်းချင်နေတာလား။"
ဝမ်ရှင်းအာ၏ ကြောက်လန့်တကြား ပြောဆိုသံက ခပ်တိုးတိုးလေး ထွက်ပေါ်လာသည်။ "ကျေးဇူးပြုပြီး ဝင်မပါပါနဲ့တော့။"
"သူက ငါ့ကို လက်စားချေလိမ့်မယ်။"
"ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲ။" ရှန်ယွိက အကူအညီမဲ့စွာဖြင့် သူ့နဖူးကိုသူ အုပ်ကိုင်လိုက်သည်။ "ခင်ဗျားက တစ်ဘဝလုံး ဒီလိုပုံစံနဲ့ပဲ နေသွားချင်တာလား။"
သူ ပြောပြီးသွားသည့်နောက် သူက ထရပ်လိုက်ကာ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။ သူ မုန့်ချီရှန်ဘေးမှ ဖြတ်သွားသည့်အခါ စကားတစ်ခွန်း ပြေးသွားခဲ့သည်။ "ခွေးထက်နိမ့်ကျတဲ့ကောင်!"
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
