အပိုင်း (၂၉.၁) ခွေးကောင်ကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်ရမယ်!
ချင်းယွီဟန့် ကားအပြင်သို့ ရောက်လာသည့်အခါ သူမက ရှန်ယွိ တစ်စုံတစ်ယောက်ကို ပြောဆိုနေသည်အား ကြားလိုက်ရသည်။ သူမ၏ အမူအရာက ချက်ချင်း မည်းမှောင်သွား၏။ "ရှောင်ယွိ ပြန်လာခဲ့။ ဘာပြဿနာမှ မဖြစ်စေနဲ့။"
သူမသည်လည်း ယန်ချီချီကို မကြိုက်သော်ငြား သူတို့က ကုမ္ပဏီတစ်ခုတည်းမှ ဖြစ်သည်။
"ကျွန်တော်က ပြဿနာရှာနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေက အမြဲတမ်း ကျွန်တော့်နား ကပ်ရဖို့အတွက် အရမ်းကို စျေးပေါပေါနဲ့ ကြိုးစားနေတာလေ။" ရှန်ယွိ၏ နှုတ်ခမ်းများက ကွေးညွှတ်သွားရင်း ရှေ့သို့ ခြေလှမ်းလိုက်သည်။
ယန်ချီချီ၏ မျက်နှာက ဒေါသကြောင့် ပြာနှမ်းသွား၏။ "မင်းက ဘယ်သူ့ကို စျေးပေါတယ်လို့ ပြောနေတာလဲ။"
"ငါ ဘယ်သူ့ကို ပြောနေလဲဆိုတာ အဲဒီလူက သူ့ကိုယ်သူ ကောင်းကောင်း သတိပြုမိတယ်။" ရှန်ယွိက ကျော်ကြားသည့် ကြယ်ပွင့်ဟူသည့် ဝန်ထုပ်ဝန်ပိုးကို လုံးဝ ထမ်းပိုးမထားဘဲ သူ ပြောချင်သည့်စကားကို ပက်ခနဲ ပြောချတတ်သည်။
ယန်ချီချီက မတူညီပေ။ သူက အနည်းငယ် ပိုကျော်ကြားသည့်အတွက် ဤကဲ့သို့ ဆူပူပြောဆိုခံရလျှင်ပင် သူ့ပုံရိပ်ကို ထိန်းသိမ်းရန် အပြငအမူများကို ဂရုစိုက်ရပေသည်။ ထို့ကြောင့် သူက ချင်းယွီဟန့်ကိုသာ လှည့်တိုင်ရန် တတ်နိုင်ပေသည်။ "ချင်းကျဲ ရှန်ယွိရဲ့ အဲဒီလိုအပြုအမူတွေကို ကြည့်ပါဦး။ လူတွေကို အကြောင်းပြချက်မရှိဘဲ ဆူပူနေတာ။ ကျဲ တစ်ခုခု မလုပ်တော့ဘူးလား။""အိုက်ယား တောင်းပန်ပါတယ်ကွယ်။ ငါ့မိသားစုရဲ့ ရှောင်ယွိလေးက နည်းနည်း ဒေါသကြီးတယ်လေ။ မင်း နောက်ဆို သူနဲ့ တွေ့ရင် ရှောင်သွားလိုက်ပါလား။" ချင်းယွီဟန့်က အပြုံးလေးနှင့် ပြောလိုက်သည်။ သူမက ရှန်ယွိအား အကာအကွယ်ပေးနေသည်မှာ ရှင်းလင်းလှပေသည်။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO