အပိုင်း (၂၂) - မင်း ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတွေ ဘယ်လောက်တောင်များများ ရှိနေတာလဲ?
ရှန်ယွိက ဖုန်းချလိုက်သည်။ သူ၏ မျက်နှာက အေးစက်နေပြီး ထက်ရှသည့် မြားတစ်စင်းကဲ့သို့ အကြည့်များနှင့် တစ်နေရာသို့ စိုက်ကြည့်လိုက်သည်။
ထိုနေရာ၌ မုန့်ချီရှန်နှင့် ဝမ်ရှင်းအာတို့ နှစ်ယောက်လုံး၏ မျက်နှာထက်တွင် အပြုံးကိုယ်စီရှိနေပြီး သူတို့၏ ချစ်ခြင်းမေတ္တာများကို ပြသနေကြ၏။
"ဘာဖြစ်လို့လဲ။" ဖုန်းစစ်ရွေ့က တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး ခပ်တိုးတိုး မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။" ရှန်ယွိက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
-- 'ဘာပဲဖြစ်ဖြစ် ငါက ရက်စက်ကြမ်းကြုတ်တဲ့ ကာရိုက်တာဆက်တင်ကို ယူထားရတာပဲ။ မကောင်းသတင်း နည်းနည်းလောက် ပိုထွက်တာလည်း ကိစ္စတော့ မရှိပါဘူး။'
မကောင်းသတင်းလား?!
ဖုန်းစစ်ရွေ့က မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး သတိမထားမိလိုက်ခင် သူ့ခန္ဓာကိုယ်မှ အေးစက်သည့် အငွေ့အသက်တို့ ထုတ်လွှတ်လာသည်။
သူတို့က ရိုက်ကူးရေးကို စောစောစီးစီး ရပ်တန့်ရန် ဖိအားပေးခံခဲ့ရ၏။
သူတို့က အစောဆုံးလေယာဥ်နှင့် ပြန်လာခဲ့ပြီး ရှန်ယွိက နှလုံးသားကင်းမဲ့စွာ အိပ်စက်နေခဲ့သည်။ နောက်ဆုံး သူတို့၏ လေယာဥ်ဆင်းသက်လာသည့်အခါ သူက မသိစိတ်အရ ပါးစပ်ထောင့်ကို သုတ်လိုက်ပြီးနောက် မေးလိုက်၏။ "ကျွန်တော်တို့ ရောက်ပြီလား။"
"ကျွန်တော့် ပိုက်ဆံရော ဘယ်မှာလဲ။" သူက နိုးလာသည်နှင့် နေရာအနှံ့ စမ်းတဝါးဝါးလိုက်ရှာတော့သည်။ သေချာပေါက် သူက သူ၏ အင်္ကျီအိတ်ထဲတွင် ခွဲထည့်ပေးထားသော ပိုက်ဆံအိတ်ကို ရှာတွေ့ခဲ့သည်။
သူက ပျော်ရွှင်သွားသလို တစ်ချိန်တည်း၌ ဝမ်းနည်းနေမိသည်။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
