အပိုင်း(၆၂) မင်း တစ်ဘဝလုံး လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။
ရှန်ယွိက စကားကို ဆုံးအောင်ပြောပြီးသည်နှင့် လစ်ထွက်လို့ပြေးချင်နေသည်။ သို့သော်လည်း ဖုန်းစစ်ရွေ့သည် လက်ကိုဆန့်၍ သူ့ကိုတားလိုက်၏။“ မင်းဘယ်သွားမလို့လဲ။”
“ကျွန်တော်လည်း ရေချိးချင်လာလို့လေ…” ရှန်ယွိတစ်ယောက် နေရခက်စွာပြုံးရင်း အချိန်ဆွဲဖို့ရာ ကြံနေ၏။
ဖုန်းစစ်ရွေ့က နှုတ်ခမ်းစွန်းများကို ထူးဆန်းစွာ တွန့်ကွေးလိုက်သည်။“ ကိုယ်က ဒီမှာပဲ ရှိနေမှာ။ ဒီညတော့ မင်း ကိုယ့်လက်ကနေမလွတ်ပါဘူးကွာ။”
ရှန်ယွိ, “…”
ရှန်ယွိ ခေါင်းကိုငုံ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်နေသည်မို့ နားရွက်ဘေးမှ စီးကျနေသည့် ရေသံများကိုပင် ကြားနေရ၏။
-- ‘ပြတင်းပေါက်ကနေ ခုန်ချရမလား။ မဖြစ်ပါသေးဘူး။ ဆယ့်ခြောက်ထပ်ကနေ ကြိုးတစ်ချောင်းတောင်မပါဘဲ ခုန်ချမှတော့ ငါသေပြီပေါ့။’
-- ‘သူ့ကို ရိုက်ပစ်လိုက်ရမလား။ ပြီးမှ တံခါးကနေ ထွက်ပြေးရင်ရော?’
-- ‘ဒါဆို System က ငါ့ကို သတိပေးချက်ပို့လာမလား။'
ဒါကိုကြားသော် အိပ်ရာထက်တွင် လဲလျောင်းရန် ကြံနေသော ဖုန်းစစ်ရွေ့က မျက်မှောင်ကြုတ်လိုက်၏။
‘ System? အဲဒါဘာလဲ။ အာ… ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေအတော်လေးများပါလား။'
ရှန်ယွိသည် တစ်ကိုယ်လုံးကို ရေဖြင့်ပြောင်စင်အောင် ဆေးကြောပြီးချိန်အထိ ရေချိုးခန်းထဲတွင် ရပ်နေခဲ့၏။
နောက်ဆုံးတွင်တော့ စိတ်မပါလက်မပါနှင့် သူ ထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးကိုမူ ပုဝါနှင့် တင်းတင်းကြပ်ကြပ်ရစ်ပတ်ကာထား၏။
“ရွေ့ကော၊ မပြန်သေးဘူးလားဟင်။” ရှန်ယွိက တွန့်ဆုတ်စွာ မေးလိုက်သည်။
ဖုန်းစစ်ရွေ့က နှုတ်ခမ်းစွန်းတို့ကို ကွေးညွှတ်ကာ ပြောလိုက်သည်။ “ဒီည ကိုယ်ဒီမှာပဲနေမှာ။”
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
