(၂၈.၂) မင်း လုပ်နိုင်တဲ့ အယဥ်ကျေးဆုံးအရာက ငါ့အနားကနေ ဝေးဝေးနေဖို့ပဲ

6.6K 577 24
                                        

အပိုင်း (၂၈.၂) မင်း လုပ်နိုင်တဲ့ အယဥ်ကျေးဆုံးအရာက ငါ့အနားကနေ ဝေးဝေးနေဖို့ပဲ။

သူက ရှန်ယွိ၏ မျက်နှာကို ဆွဲကိုင်ကာ သူ့ကို အတင်းအကျပ် ကြည့်စေလိုသည့် ဆန္ဒတစ်ခု ဖြစ်လာခဲ့သည်။ ရှန်ယွိကို သူ၏ မော်ဒယ်တစ်ယောက်ကဲ့သို့ ကြည့်ကောင်းလှသည့် ခန္ဓာကိုယ်အား ကြည့်စေပြီး မင်း ကန်းနေတာလားဟုပင် မေးချင်ခဲ့သည်။

သူ ရေချိုးပြီးသည့်​နောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ရှန်ယွိက ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းကြည့်နေဆဲဖြစ်ပြီး အချိန်တိုင်းလိုလို ရယ်မော​နေခဲ့သည်။


ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်နေ၏။ "ငါ အခု အလုပ်သွားတော့မယ်။"


ရှန်ယွိက ထိုစကားကို ကြားပြီးနောက် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းမော့ကြည့်လာပြီး ချက်ချင်း ပြန်ငုံ့သွား၍ ဖုန်းဆက်ကြည့်နေခဲ့သည်။ "နောက်မှတွေ့မယ်။"


"မင်း ငါ့ကို လိုက်မပို့တော့ဘူးလား။"


ဖုန်းစစ်ရွေ့၏ မျက်ခုံးများက တွန့်ချိုးနေသော်လည်း သူ့ဒေါသကို ဖိနှိပ်ထားခဲ့သည်။ 

‘မင်းက ရှင်းရှင်းလင်းလင်း မတွေးနိုင်ဘူးလား။ ဝမ်ရှင်းအာကို အိမ်တွင်းအကြမ်းဖက်မှုအကြောင်း လိုလိုလားလား ထုတ်ပြောလာအောင် ဘယ်သူကမှ လုပ်နိုင်စွမ်းရှိလဲဆိုတာကို?!’

"ရွေ့ကော ကျွန်တော် အင်္ကျီမလဲရသေးဘူး။ ဒါကြောင့် လိုက်မပို့တော့ဘူးနော်။" ရှန်ယွိက ခေါင်းကိုမော့ကာ သနားစရာကောင်းသည့် အမူအရာလေးကို ဖော်ပြလာသည်။

ဖုန်းစစ်ရွေ့က အသက်ပြင်းပြင်းရှူလိုက်၏။ "ငါ မနက်စာမစားရသေးဘူး။"


"ဟမ်?" ရှန်ယွိက ဇဝေဇဝါ ဖြစ်သွားပြီးနောက် တစ်ခုခုကို နားလည်သဘောပေါက်သွားသည်။ "အာ.. ခင်ဗျား အပြင်ကို ထွက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်။ အဲဒီမှာ Kentucky drive-thru* ရှိတယ်။ အဲဒီက အရသာကောင်းတယ်။ ခင်ဗျား စမ်းစားကြည့်လိုက်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя