(၄၇) ငါ ပိုင်တဲ့ ယောက်ျားကို လုတာဆို သည်းခံနိုင်သေးတယ် ငါ့ ပိုက်ဆံတွေကို လုချင်တ

5.5K 499 30
                                        

အပိုင်း (၄၇) ငါ ပိုင်တဲ့ ယောက်ျားကို လုတာဆို သည်းခံနိုင်သေးတယ် ငါ့ ပိုက်ဆံတွေကို လုချင်တာဆိုရင်တော့ လုံးဝ သည်းမခံနိုင်ဘူး!

စနစ်သည် ရှန်ယွိ၏ စိတ်ထဲ၌ ဥသြဆွဲသံကဲ့သို့ အသံများ အဆက်မပြတ် အော်မြည်ကာ အနီရောင်အလင်းများ လင်းလက်လာစေပြီး သတိပေးချက်ကို ပေးပို့လာသည်။

သူ့ရှေ့ရှိ ဖုန်းစစ်ရွေ့သည်လည်း တစ်စုံတစ်ဦးကို သတ်ပစ်လိုသည့်ဟန်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ဘေးနှစ်ဘက်ညှပ်ပြီး တိုက်ခိုက်မှုအောက်၌ ရှန်ယွိသည် ရှုံးနိမ့်မှုကို ဝန်ခံရုံအပြင် ရွေးချယ်စရာ ရှိမနေချေ။

"ရွေ့ကော.. ကျွန်တော်က ကောမှာ ယန်ရွေ့ချင်းအတွက် ခံစားချက်တွေရှိသေးလားဆိုတာ သိချင်လို့ စမ်းသပ်ကြည့်ရုံပါ။"

သူ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လာသောကြောင့် ရုတ်တရက်ဆိုလျှင် သူက မတရားခံနေရသလို ထင်ရ၏။ သူသည် အမှန်တကယ် ကြေကွဲဝမ်းနည်း နေပုံရပေသည်။

"ကောက အရင်ကနဲ့ မတူဘဲ အများကြီး ပြောင်းလဲသွားခဲ့ပြီး အရမ်းချစ်ပြတဲ့ ပုံဖမ်းနေတာ မဟုတ်ဘူးလား။ ဘယ်သူမဆို ဒါက ထူးဆန်းတယ်လို့ ထင်မိမှာပဲလေ။"

-----'ခင်ဗျားမှာ ပြင်းထန်တဲ့ ရောဂါရှိနေတာလားလို့တောင် နေ့တိုင်း ခန့်မှန်းနေမိတဲ့အထိပဲ။'

ဖုန်းစစ်ရွေ့က မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူက ချက်ချင်းပင် သူ အသက်ရှူထုတ်လိုက်သော လေငွေ့နွေးနွေးက ရှန်ယွိ၏ မျက်နှာကို လောင်ကျွမ်းစေနိုင်လောက်သည့် ခြေတစ်လှမ်းစာ အကွာအဝေးအထိ နီးကပ်စေလိုက်သည်။ သူက ရှန်ယွိ တစ်ကိုယ်လုံးကို မျိုချတော့မတတ်ပင် ဖြစ်သည်။ "ငါ မင်းကို ဘယ်နခါ ပြောရမှာလဲ။"

"ငါ ယန်ရွေ့ချင်းနဲ့ ဘယ်တုန်းကမှ မပက်သက်ဖူးဘူး။ အရင်တုန်းကရော နောင်အနာဂတ်မှာရော ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။"

"အဲဒါဆို..." ရှန်ယွိက တံတွေး မြိုချလိုက်ပြီး မသိစိတ်အလျောက် ရှောင်ပုန်းချင်စိတ် ဖြစ်ပေါ်လာမိသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now