(၂၆.၁) လူယုတ်မာ မင်း ငါ့ကို ဘယ်လိုလုပ် အခွင့်အရေး ယူရဲရတာလဲ။

1.7K 237 10
                                    

အပိုင်း (၂၆.၁) လူယုတ်မာ မင်း ငါ့ကို ဘယ်လိုလုပ် အခွင့်အရေး ယူရဲရတာလဲ။

မျက်နှာသာပေးခံရသူများက ကြောက်ရွံ့ခြင်းကင်းမဲ့သည်ဟု ပြောကြသလိုပင်။


အဘိုးဖုန်းက သူ့ဘက်တော်သား ဖြစ်​နေပြီး ရှန်ယွိကလည်း အမြဲ အဆိပ်ပြင်းသည့် ပါးစပ်ရှိနေရာ မည်သူကမှ ထပ်မပြောရဲတော့ပေ။


ထို့ပြင် ဖုန်းစစ်ရွေ့ကလည်း သူ့ဘေးတွင် ရှိနေသည်။ သူက မည်သို့ အမုန်းတရားများ စုဆောင်းပြီး သူ့အပေါ် မနှစ်မြို့မှုများ တိုးပွားလာစေနိုင်မည့် ဤအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။


"ဝမ်းကွဲအစ်ကို.. ရှန်ယွိက လွန်လွန်းသွားပြီ။ သူ့ကို ဘာမှ မပြောတော့ဘူးလား။"


ဝမ်ရွေ့နာ၏ မျက်နှာက ဒေါသ​ကြောင့် နီမြန်းနေပြီး သူမက ဖုန်းစစ်ရွေ့ဘက်သို့ လှည့်ကြည့်ကာ အလိုလိုက်ခံရသလို ပြမူလိုက်သည်။ သူမသည် သူမ၏ ဝမ်းကွဲက အမြဲတမ်း လူကြီးလူကောင်းဆန်ဆန် ပြုမူတတ်ပြီး ရှန်ယွိအား မုန်းတီးသူလည်း ဖြစ်ပေရာ သူမအတွက် စကားပြောပေးလိမ့်မည်ဟု တွေးနေခဲ့သည်။


သို့သော် နောက်တစ်စက္ကန့်အတွင်းမှာပင် သူက သူမအား အေးစက်စွာ ကြည့်လိုက်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ "သူက မင်းကို ပါးစပ်ပိတ်ထားဖို့ ပြောနေတယ် မဟုတ်ဘူးလား။ မင်း နားမလည်ဘူးလား။"

"မင်း စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်တော့!"

ဝမ်ရွေ့နာက ချက်ချင်း အေးစိမ့်သွားပြီး သူမ၏ နောက်ကျောက အေးစက်သည့် ချွေးများဖြင့် စိုစွတ်သွားသည်။ သူမက အလျင်အမြန် ခေါင်းငုံ့ချလိုက်ကာ နောက်ထပ် စကားမပြောရဲတော့ပေ။


ဖုန်းစစ်ရွေ့၏ ရုတ်တရက် ဆူပူပြစ်တင်သံက ထမင်းစားစားပွဲရှိ လူတိုင်းကို လွှမ်းမိုးသွားကာ မည်သူမှ အသံ ထွက်မလာရဲတော့ပေ။ လူတိုင်း၏ နှလုံးသားထဲတွင် ကိုယ်စီအတွေးများရှိကြပြီး သူတို့၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာများ ပြသလာသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Onde histórias criam vida. Descubra agora