အပိုင်း (၅၉) မင်းခေါင်းထဲမှာ တည်တည်တန့်တန့်အတွေးမျိုးရော ရှိသေးရဲ့လား။
ခွေးသွေးဝတ္ထုများထဲ ပါလေ့ပါထရှိသည့် အရေးအကြီးဆုံးအရာတစ်ခုက ဘာများဖြစ်နိုင်ဦးမှာတဲ့လဲ။
ဟုတ်သည်၊ တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာများ၊ ပန်းချီလက်ရာများနှင့် သိန်းရာချီ၊ ထောင်ချီ၊ သန်းချီ ဒါမှမဟုတ် သန်းရာချီတန်ကြေးရှိတဲ့ ပစ္စည်းများသာဖြစ်ကြ၏။
သို့ဖြစ်၍ လေလံပစ်သူက ကြမ်းခင်းစျေး ဆယ်မီလီယံခေါ်လိုက်ချိန်၌ ရှန်ယွိသည် ပြုံးလျှက်သာ တည်ငြိမ်စွာ ရှန်ပိန်ကို တစ်ငုံလောက်သောက်လိုက်သည်။
‘မလန့်စမ်းနဲ့။
ဒါက ပွဲသေးသေးလေးပဲ။
ငါလည်းနေသားကျနေပါပြီကွာ။
ငွေချေရတဲ့သူက ငါမဟုတ်သရွေ့ အရာအားလုံးကို လွယ်လွယ်လေး ဖြေရှင်းလို့ရတယ်။'
မကြာခင်အချိန်၌ အပြင်မှပြန်ရောက်လာသော ဖုန်းစစ်ရွေ့သည် ရှန်ယွိဘေးတွင် ဝင်ထိုင်ကာ ရည်ရွယ်သလိုလို၊ မရည်ရွယ်သလိုလို ပြောလိုက်၏။ “ မင်းကြိုက်တာ ဘာမှမတွေ့ဘူးလား။”
“မတွေ့သေးဘူး။” ရှန်ယွိက သူ၏ ရှန်ပိန်ခွက်ကိုချလိုက်ပြီး အဝေးတစ်နေရာတွင် နံရံကို မှီ၍ ရပ်နေသည့် စားပွဲထိုးတစ်ယောက်အား မျက်စိထောင့်ကပ်ကာ ကြည့်လိုက်သည်။
ဆယ်မိနစ်အတွင်း ထိုစားပွဲထိုးက သူ့အား သုံးဆယ့်လေးကြိမ်မက ကြည့်ခဲ့လေသည်။
သေချာတာပေါ့၊ သူထင်တာမှန်နေတာပဲ။
-- ‘ဒီလူက ပရိသတ်လည်းဖြစ်နိုင်သလို ငါ့ကိုမကောင်းကြံဖို့ တစ်စုံတစ်ယောက်နဲ့ ပူးပေါင်းထားတာလည်းဖြစ်နိုင်တယ်။ မဟုတ်ဘူးဆိုရင် ဘာလို့ သူ့လက်တွေကို စိတ်လှုပ်ရှားတဲ့ပုံနဲ့လွှဲယမ်းနေမှာလဲ။'
-- ‘သိပ်မကြာခင် အခွင့်အလမ်းရှာပြီး ဒီကို ဝိုင်ဖြည့်ပေးဖို့ ရောက်လာလိမ့်မယ်။’
-- ‘အဲဒီဝိုင်ကို သောက်မိလို့ကတော့ ငါက ရူးနေတဲ့ ခွေးသားပဲကွ။'
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
