(၂၇.၁) ငါ့ရဲ့ စုငွေတွေ အကုန်ကုန်သွားရင်တောင် ဒီ Hot Search ကို.....

6.9K 632 8
                                        

အပိုင်း (၂၇.၁) ငါ့ရဲ့ စုငွေတွေ အကုန်ကုန်သွားရင်တောင် ဒီ Hot Search ကို ရအောင် ဆွဲချရမယ်!


ဒါကို ဘယ်လိုပြောရမလဲ?


တစ်စုံတစ်ယောက်က နေမကောင်းတဲ့အချိန်မှာ အခွင့်အရေးယူတယ်လို့ ပြောရမလား?

ရှန်ယွိသည် ဖုန်းစစ်ရွေ့က ထိုအပြုအမူများကို အလေ့အကျင့် ဖြစ်နေသလို လုပ်ဆောင်နေပြီး သူ့အပြုအမူများက ပိုဆိုးလာနိုင်ဖွယ်သာရှိကြောင်း ခံစားမိပေသည်။


"ဒါဆို ထပ်မသောက်နဲ့တော့။ ကိုယ် မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်။" ဖုန်းစစ်ရွေ့က သူ့ လက်ကို ရှန်ယွိ၏ သွယ်လျသော ခါးပေါ် လက်တင်၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

အခြားလက်တစ်ဖက်က သူ့ဒူးပေါ်သို့ ဆင်းချလာပြီး စိတ်အားထက်သန်စွာ ပွတ်သပ်နေခဲ့၏။


ရှန်ယွိက အမှန်တကယ် မူးနေခြင်းမဟုတ်ဘဲ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူက ထိုလက်များဖြင့် ထိတွေ့ခံရသည့်အခါ သူ့ခြေထောက်များကို ချက်ချင်း စုလိုက်ပြီး ခန္ဓာကိုယ်က တောင့်တင်းကာ ခပ်မတ်မတ် ဖြစ်သွား၏။ "ရွေ့ကော ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် အရမ်းမသောက်ထားပါဘူး။ ကော ကျွန်တော့်ကို ကူပေးစရာမလိုဘူး။"


ဖုန်းစစ်ရွေ့၏ အပြုအမူက အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူက အရမ်း ကြောက်လန့်သွားရသည့်အတွက် အချိန်အတော်ကြာသည်အထိ စကားမပြောရဲခဲ့ပေ။


"အများအားဖြင့်တော့ မူးနေတဲ့လူတွေက သူတို့ မူးနေပါတယ်လို့ ဘယ်တော့မှ မပြောကြဘူး။" ဖုန်းစစ်ရွေ့က အပြုံးမမည်သည့် အပြုံးတစ်ခု ပေးလိုက်သည်။ သူ့ မျက်လုံးများက အနည်းငယ် မည်းမှောင်နေပြီး နောက်တစ်စက္ကန့်အတွင်း ထထိုးတော့မလို အလွန်အမင်း ရန်လိုနေသည်။


ထိုသည်ကို ခံစားမိလိုက်သည့် ရှန်ယွိက သူ အမှန်တကယ် ထိုသို့ လုပ်လိုက်မည်ကို စိုးရိမ်နေကာ အလျင်စလို ထရပ်လိုက်၏။ "အိမ်ပြန်ကြရအောင်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now