အပိုင်း (၆၅) မဟုတ်လို့ကတော့ မင်း ခြေထောက်တွေကို ကိုယ် ရိုက်ချိုးပစ်မယ်။
ရိုက်ကူးရေးနောက်ဆုံးနေ့၌ ရှန်ယွိသည် သူ့အတွက် လွတ်ရာလွတ်ကြောင်းကိုရှာဖွေရန် အစီအစဉ်ဆွဲနေခဲ့သည်။
သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲပြီးသည်အထိ စောင့်ပြီး အနောက်တံခါးမှ သူ လစ်ထွက်ရန် ကြံစည်ထားသည်။
သို့သော်လည်း ဒါရိုက်တာ၏ စကားဆုံးချိန်တွင် နေကာမျက်မှန်နှင့် အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားသော 'လူရမ်းကား' တစ်သိုက် ရောက်ချလာပြီး အော်ပြော၏။“ အဲဒါ သူပဲ!”
သူတို့ လက်ညှိုးညွှန်ရာ အရပ်သို့ လူတိုင်း၏ မျက်လုံးများက လိုက်ပါသွားကြသည်။
ထိုကြောင့် အဖွဲ့သားများ အကြည့်တို့က ရှန်ယွိ မျက်နှာထက်သို့ ရောက်ရှိသွားသည်။ သူတို့ထဲမှ တစ်ဦးက မနေနိုင်မထိုင်နိုင် မေးလိုက်သည်။“ရှန်လောင်ရှီး သူတို့ဆီက ပိုက်ဆံတွေ ဘယ်လောက်တောင် ချေးထားလို့ ရှန်လောင်ရှီးကို ဖမ်းဖို့ ဒီလောက် အုပ်လိုက်ကြီးရောက်လာရတာလဲ။”
ထိုစကားများထွက်လာချိန်တွင် 'လူရမ်းကား' များအားလုံးက တစ်ညီတစ်ညာတည်း အရိုအသေပေးလာခဲ့၏။“အိမ်ပြန်လာတာကို ကြိုဆိုပါတယ် ရှန်သခင်လေး!”
ရှန်ယွိ “…”
လူတိုင်း “…”
ဒီ‘ရှန်သခင်လေး' ဆိုတာက ဘာကိစ္စရှိလို့လဲဟ?
ဒီအခေါ်အဝေါ်က မူရင်း သခင်ရှန်ဆိုတဲ့အခေါ်အဝေါ်လောက်တော့ ရင်ထဲမထိပေ။
ရှန်ယွိသည် လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံနေရ၏။ သူသည် ဇိမ်ခံကားအတွင်းသို့ တွန့်ဆုတ်စွာ ဝင်လိုက်ပြီးနောက် ကြက်သေသေကာ ရပ်နေကြသော ရိုက်ကူးရေး အဖွဲ့သားများကို ကား၏ ပြတင်းပေါက်မှ တဆင့် ကြည့်လိုက်သည်။
ဇိမ်ခံကားမှာမူ အင်ဂျင်သံတညံညံမြည်ရင်း လမ်းတစ်လျှောက် လျင်မြန်စွာမောင်းထွက်ကာ ပျောက်ကွယ်သွားတော့သည်။
ကျန်ရစ်ခဲ့သော အဖွဲ့သားများ၏ နေရာ၌မူ လေထုက အေးစက်ကာနေ၏။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
