Translator _ wattbigfan4
Editor _ @WinterLeaf_00
အပိုင်း (၃၉) ငါ သူ့ကို အရမ်းချစ်တာ ဘယ်လိုလုပ် သူ့ကို တစ်ခုခု လုပ်နိုင်မှာလဲ
Scene ဆယ်ခု ရိုက်ကူးပြီးသွားသည့်နောက် ဆယ့်တစ်နာရီပင် ထိုးလုနီးပါးရှိနေပြီ ဖြစ်၏။
ဝမ်မုန့် အသက်ပြင်းပြင်းရှူရင်း အော်လိုက်သည်။ "Pass!"
သူမက ခြေကုန်လက်ပန်းကျစွာဖြင့် ပြောလိုက်သည်။ "လူတိုင်းပဲ ပြန်သွားပြီး အနားယူလို့ရပါပြီ။"
၎င်းသည် မူလက ရှန်ယွိကို တမင်သက်သက် ပင်ပန်းအောင် ဆက်တိုက်ရိုက်ကူးစေလိုခြင်း ဖြစ်သည်။
သူ၏ အစွမ်းအစများကို တမင်သက်သက် ဖုံးကွယ်ထားပြီး လူတိုင်း၏ မျှော်မှန်းချက်များကို နိမ့်ကျအောင် တမင်သက်သက် ဟန်ဆောင်နေရမည်ဟု မည်သူက ပြောထားပါသနည်း။ သူ့ကို သင်ခန်းစာတစ်ခု မပေးဘဲနှင့် သူမ၏ နှလုံးသားထဲမှ အမုန်းများကို ပယ်ဖျောက်ရန် ခက်ခဲပေလိမ့်မည်။
မမျှော်လင့်ဘဲ ဝမ်မုန့်က အလွန်အကျွံ စိတ်ကူးယဥ်ခဲ့မိခြင်း ဖြစ်သည်။
ရှန်ယွိက သရုပ်ဆောင်ကောင်းရုံမျှမက ရုပ်ပိုင်းဆိုင်ရာခွန်အားကလည်း အံ့သြဖွယ်ကောင်းလှပေသည်။ သူက မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ရိုက်ကွက် ဆယ်ခုလောက်ကို ရိုက်ကူးနိုင်စွမ်းရှိသည်။
ယခုမှ ပွဲဦးထွက်ထားခဲ့သည့် ကြယ်ပွင့်ပေါက်စလေးများသည် သူတို့ကို ထောက်ကူပေးမည့်သူ မပါဘဲ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ဟု အဆက်မပြတ် စောဒကတက်ကြသည်။
ရှန်ယွိက အင်အားများ အပြည့်ဖြစ်နေဆဲဖြစ်ကာ တခြားလူများကိုပင် အားပေးလိုက်သေးသည်။ "ထကြ... ထကြ... ဒီလောက် ပင်ပန်းမှုလေးကိုတောင် သည်းမခံနိုင်ရင် အနာဂတ်မှာ ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ တိုင်းပြည်အတွက် ဘယ်လို တိုက်ခိုက်ပေးနိုင်စွမ်း ရှိမှာလဲ။"
"အပျိုဖြန်းလေးလို ဟန်ဆောင်မနေနဲ့။ မင်းသာ ယောက်ျားဆိုရင် အခု ထရပ်လိုက်။"
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
