အပိုင်း (၄၈) ကွန်ပျူတာတစ်လုံးကို ဟက်ခ်ဖို့က မိနစ်အနည်းငယ်လောက်ဆို ရပြီ!
စောင့်ဆိုင်းခန်းထဲရှိ လူတိုင်းသည် မရွှင်မပြဖြင့် လူစုခွဲလိုက်ကြသည်။ ရှန်ယွိက သူ့လေယာဥ်ဆီသို့ တက်သွားကာ လေယာဥ်ပေါ်တွင် အိပ်ရင်း လိုက်ပါလာခဲ့သည်။ လေယာဥ်မထွက်ခွာခင်အထိ သူက တစ်ချိန်လုံး သမ်းဝေနေခဲ့၏။
အခုချိန်သည် တရုတ်ပြည်တွင် ဆောင်းဦးအစောပိုင်းကာလ ဖြစ်ကာ မနက်စောစော လေက အေးစက်နေပေသည်။
လေဆိပ်မှ ရှန်ယွိ လမ်းလျှောက်ထွက်လိုက်သည်နှင့် သူက မတတ်နိုင်စွာ တုန်တက်သွားရသည်။ ရုတ်တရက် သူ့ပုခုံးများ မြုပ်သွားသလို သူ ခံစားလိုက်ရသောကြောင့် အံ့အားသင့်စွာ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝယ်သူစိတ်တိုင်းကျ ချုပ်လုပ်ထားသော အနောက်တိုင်းဝတ်စုံ အပေါ်ဝတ်က သူ့ကိုယ်ပေါ်တွင် ရှိနေတယကို မြင်လိုက်ရ၏။ "ဒီလို လုပ်ပေးဖို့ မလိုပါဘူး.. ရွေ့ကော။"
"ကော ဘာသာပဲ ဝတ်ထားလိုက်ပါ။"
"ငါ မင်းကို ဝတ်ခွင့် ပေးထားတယ်။ ဒါကြောင့် ဒီတိုင်း ဝတ်ထားလိုက်။"
'လွှမ်းမိုးချုပ်ကိုင်ချင်စိတ်ကြီးမားတဲ့ စီအီးအိုကို ငြင်းဆန်နိုင်မယ့် အခွင့်အရေး ငါ့မှာ ရှိလား။' ရှန်ယွိသည် စိတ်ထဲတွင် သူ့ကိုယ်သူ မေးလိုက်ပြီး မရှိဟူသော အဖြေတစ်ခု ပြန်ပေးလိုက်၏။
ကောင်းပါပြီလေ။ အဲဒီတော့လည်း သူပြောတဲ့အတိုင်း လုပ်တာ ပိုကောင်းပါတယ်။
ထိုလွှမ်းမိုးချုပ်ကိုင်ချင်စိတ်ကြီးမားတဲ့ စီအီးအို၏ Maybach ထဲတွင် ထိုင်နေရင်း ရှန်ယွိသည် ယန်ရွေ့ချင်း၏ ပုံရိပ်ကို မြင်ယောင်လာကာ သူ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။
------'ငါ မင်းအတွက် အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပေမယ့် မင်းကတော့ ငါ့မျှော်လင့်ချက်တွေအတိုင်း မရှင်သန်နိုင်ဘူးပေါ့လေ။ အခုတော့ မင်းက ငါပိုင်ရမယ့် ဝေစုကိုတောင် လာထိချင်နေပြီပေါ့?!'
ရှန်ယွိ သူ့ခေါင်းကို လှည့်ကာ ဖုန်းစစ်ရွေ့အား စိုက်ကြည့်လိုက်သည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
