အပိုင်း (၃၈) အဆင့်မြင့်ကစားသမားက လူသစ်ကျေးရွာမှာ ပြန်စဆော့နေတာ ဖော်ထုတ်ခံလိုက်ရပြီ!
ပထမဆုံးအကြိမ်အဖြစ် လူတိုင်း၏ မနာလိုအားကျနေသော မျက်လုံးများအောက်တွင် ရှန်ယွိက ကျည်ဆန်ကို ကိုက်ရင်း မသက်မသာ ခံစားချက်များနှင့်အတူ သူ၏ အဝတ်လဲခန်းသို့ ပြန်သွားခဲ့သည်။
သူ့ဘေး၌ ရပ်နေသည့် ဖုန်းစစ်ရွေ့က သူ၏ သွေးတစ်ဝက် ညီအစ်ကိုအား တစ်ချက်ကြည့်လိုက်သည်။ သူ၏ တင်းမာသော မျက်နှာထက်၌ မရင့်ကျက်သည့် ရန်စလိုမှု အရိပ်အယောင်လေး ရှိနေခဲ့၏။
သူက သူ၏ ပိုင်နက်နေရာကို တိတ်တိတ်လေး ကြေညာလိုက်ပုံရသည်။ အကြည့်နှစ်ချက်ပို့ရဲသည့် မည်သူ့ကိုမဆို နေရာမှာတင် ဖျက်ဆီးပစ်လိမ့်မည်ဟု သတိပေးနေသကဲ့သို့ပင် ဖြစ်သည်။
သူ့ကို ပိုပြီး လွှမ်းမိုးချုပ်ကိုင်စေချင်တာမလား။ အဲဒါဆို သူက ပိုပြီး လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ ပုံစံ လုပ်ပြလိုက်မယ်။ သူက ခွေးသွေးပုံစံတောင် သရုပ်ဆောင်နိုင်သေးတယ်။
ရှန်ယွိ အထွန့်မတက်နိုင်ခင် သူက ရှန်ယွိအား ဆွဲခေါ်သွားလေသည်။
အတွင်းရေးမှူးက သူတို့နောက်မှ လိုက်မသွားဘဲ ဖုန်းကျင်းဟယ်၏ ဘေးတွင် ရပ်ကာ သူ့မျက်နှာထက်၌ အားကျသော အကြည့်တို့ ရှိနေခဲ့သည်။ "ဘော့စ်နဲ့ သူ့ဇနီးက အဲဒီလောက် ဆက်ဆံရေးကောင်းတယ်။ သူတို့ ရှိနေတဲ့ နေရာတိုင်းက ပန်းချီကားတစ်ချပ်လိုပဲ။ အရမ်းလိုက်ဖက်တာပဲ။"
သူက ခေါင်းလှည့်ကြည့်လိုက်သည်။ "အဲဒီလိုမထင်ဘူးလား။"
ဖုန်းကျင်းဟယ်က မျက်ဆံကို ကြုတ်ကာ သူ့ခန္ဓာကိုယ်မှ လေအေးများ ထွက်ပေါ်လာသည်။ "သူတို့ကို လိုက်ဖက်တော့ရော ဘာဖြစ်လဲ။ အဆုံးထိ အတူမရှိနိုင်ရင် ဘာလုပ်မှာလဲ...."
ထိုစကားလုံးများကို ပြောခဲ့ပြီး သူက လှည့်ထွက်သွားသည်။
ထမင်းစား စားပွဲကို ဖြတ်သွားသည့်အခါ သူသည် ဝန်ထမ်းက ပျော်ရွှင်စွာဖြင့် တင်းရှန်စားသောက်ဆိုင်မှ အစားအသောက်များကို ဝေပေးနေကြောင်း မြင်နိုင်ပေသည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
