(၆၉)

2K 225 1
                                        

အပိုင်း (၆၉) မင်းရဲ့လုပ်ရပ်တွေကို အပြီးတိုင်ဖုံးထားနိုင်တယ်လို့ မင်းထင်နေတာလား။

မင်္ဂလာပွဲတစ်လျောက်လုံးကို တိုက်ရိုက်ထုတ်လွှင့်နေပြီး ဖုန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ကြည့်ရှုနေကြသော အင်တာနက်အသုံးပြုသူတို့သည် လူအိုကြီး၏ စကားကို ကြားသောအခါ ချက်ချင်း စိတ်လှုပ်ရှားကုန်တော့သည်။

[ဝိုး…ဘယ်လိုတောင် ကြီးစိုးနိုင်တာတုန်း! အကြီးအကဲရှန်ရဲ့ နောက်ခံကဘာများဖြစ်မလဲ။]

[ဘယ်အတွင်းလူက ဖော်ကောင်လုပ်လိုက်တာလဲ။ ကြည့်ရတာတော့ ငါတို့သခင်ရှန်က နောက်ခံတောင့်ပုံပဲ။ ငါတော့အရမ်းစိတ်လှုပ်ရှားနေပြီ။ ]

[ မင်းတို့ကောင်တွေ ဒါလေးတောင် မသိဘူးလား။ သခင်ရှန်ရဲ့ အံ့ဖွယ်ကောင်းတဲ့နောက်ခံအကြောင်းက တစ်နိုင်ငံလုံးပြန့်နေပြီလို့ ငါထင်ထားတာ။ ]

[အကြီးအကဲရှန်က မြို့တော်ရဲ့အဓိက မိသားစုကြီးလေးစုရဲ့ ခေါင်းဆောင်ပဲ။ တရုတ်ပြည့်သူသမ္မတနိုင်ငံ ဖြစ်မလာခင်ကတည်းက ရှန်မိသားစုက အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေခဲ့တာ။ ပြီးတော့ စီးပွားရေးဆိုင်ရာ အသက်သွေးကြောတွေအားလုံးနီးပါးကိုလည်း သူပဲချုပ်ကိုင်ထားတာလေ…]

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သူတို့ စကားစမြည်ပြောနေကြချိန် ရှန်ယွိနှင့် ဖုန်းစစ်ရွေ့တို့က အဝင်ဝတွင် ရပ်နေကြပြီဖြစ်၏။

သူတို့ နှစ်ဦးလုံးသည် ကောင်းမွန်စွာ ချုပ်လုပ်ထားသော တန်ဖိုးကြီးဝတ်စုံဆင်တူများကို ဝတ်ထားကြသည်။

သူတို့၏ အသွင်သဏ္ဍာန်များက ထင်းထွက်ကာနေ၏။ ကင်မရာထက်တွင်ပေါ်နေသော သူတို့၏ ချောမောသော ရုပ်ရည်များကြောင့် အားကျစရာကောင်းသော စုံတွဲအဖြစ် လူတိုင်းက အသိအမှတ် ပြုလိုက်ကြလေသည်။

“စိတ်လှုပ်ရှားနေလား။”ဖုန်းစစ်ရွေ့က ဘေးရှိ လူ၏ လက်ကို ကိုင်ကာ လက်ချောင်းများကို ချိတ်ဆက်လိုက်သည်။

ရှန်ယွိက ရယ်မောလိုက်၏။“ခင်ဗျား ဖင်ကြီးကိုပဲ စိတ်လှုပ်ရှားနေလိုက်။”

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now