(၄၄) ငါ့နှလုံးသားက ဘာလို့ ဒီလောက် အခုန်မြန်နေရတာလဲ။

711 101 19
                                    

Translator _ wattbigfan4

အပိုင်း (၄၄) ငါ့နှလုံးသားက ဘာလို့ ဒီလောက် အခုန်မြန်နေရတာလဲ။

ဖုန်းစစ်ရွေ့သည့် သူ့ဘေးမှာ ရှိနေသည့် ကျားပေါက်က သူဘာလုပ်ခဲ့တယ်ဆိုသည်အား တိုက်ရိုက်ဝန်ခံလိုက်မည်ကို ကြောက်တာကြောင့် ရုတ်တရက် သူ့ကို နှောင့်ယှက်လိုက်သည်။ သူက တမင်သက်သက် ရှန်ယွိလက်ကို ကိုင်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချစ်ခင်စွာ ပြောလိုက်သည်။ "ကိုယ် မင်းကို ယုံတယ်......"

"မင်းက ဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး။"

ရှန်ယွိ သူ့လက်ကို ပြန်ဆွဲထုတ်ရန် စိတ်အားထက်သန်စွာ ကြိုးပမ်းလျက် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ "ကျွန်တော်----"

"ဒီလောက်ဆို လုံလောက်ပြီ။ ဘာမှ ထပ်မပြောနဲ့တော့။ အခြားသူတွေရဲ့ ကွယ်ရာမှာ ခြေရှုပ်ရတာ ကြိုက်တဲ့ ဒီလိုလူမျိုးကို လုံးဝ သနားနေဖို့ မလိုအပ်ဘူး....."

"ရှောင်ယွိ.. မင်းက ကုမ္ပဏီမှာ မတရားသဖြင့် ဆက်ဆံခံရတာတောင် ဘယ်သူ့ကိုမှ ပြန်မပြောပြတဲ့အထိ အရမ်းကြင်နာတတ်လွန်းတယ်။"

"သူသာ မစ္စတာယွီနဲ့ မချိတ်မိခဲ့ဘူးဆိုရင် သူက ဘယ်လိုလုပ် မင်းရဲ့ ဒီလောက်များတဲ့ ရင်းမြစ်တွေကို လုယူနိုင်မှာလဲ။ မင်းရဲ့ဂုဏ်သတင်းကလည်း ဘာလို့ အဲ့လောက်ထိ ဆိုးရွားနိုင်မှာလဲ။"

"ပြောရမယ်ဆို အခု ပြစ်ဒဏ်က သူနဲ့ ထိုက်တန်တာပဲ။"

ဖုန်းစစ်ရွေ့က ဝတ္ထုတစ်ပုဒ် ရေးနေသလိုမျိုး ထိုစကားလုံးတွေကို ပြောသွားခဲ့သည်။ အသက်တရှိုက်စာအတွင်းမှာ ရှန်ယွိနှင့် ယန်ချီချီကြားထဲက ဆက်ဆံရေးကို တိုတိုတုတ်တုတ်နှင့် သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြရန် သူစီစဥ်နိုင်ခဲ့၏။

ရင်းမြစ်တွေကို လုယူသည့် ကိစ္စက သူ့ပါးစပ်ကနေ တစ်ခါထွက်လာသည်နှင့် ၎င်းက အမှန်ဖြစ်သွားမည်သာ ဖြစ်သည်။ သည်ကိစ္စကို နောက်ထပ် ဘယ်သူကမှ သံသယဖြစ်မှာ မဟုတ်တော့ပေ။

၎င်းက ရှန်ယွိကို ဆွံ့အသွားအောင် လုပ်နိုင်ခဲ့သည်။

သူ့ဘေးမှာ ထိုင်နေသော ယန်ရွေ့ချင်း၏ မျက်နှာက မည်းမှောင်နေပြီး သူ့မျက်လုံးများက ရှန်ယွိနှင့် ဖုန်းစစ်ရွေ့တို့၏ ကိုင်ထားသော လက်များအပေါ် ကျရောက်သွားခဲ့သည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Tempat cerita menjadi hidup. Temukan sekarang