(၇၀) ဇာတ်သိမ်းပိုင်း

3.4K 297 16
                                        

အပိုင်း (၇၀) မင်းကို ချစ်ရတာ စွဲလမ်းနေပြီ!

သမာသမတ်ကျသည်ဟု ကျော်ကြားသော အကြီးအကဲရှန်က သက်သေမရှိပဲ စကားအမှားဆိုမည် မဟုတ်ပေ။

ထိုအချိန်၌ ယန်ရွေ့ချင်းသည် ရှက်ရွံ့စွာညနောက်ဆုတ်သွား၏။

သူ၏ မသိစိတ်အရ ထွက်ပြေးချင်နေပါသော်လည်း နောက်သို့ လှည့်လိုက်ချိန်တွင် အမဲရောင်ဝတ်စုံကို ဝတ်ထားသော လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ခင်…ခင်ဗျား ဘာလုပ်မလို့လဲ။" ယန်ရွေ့ချင်းကိုကြည့်ရသည်မှာ ကြောက်နေသည့်ပုံပင်။

ထိုလူက အကြီးအကဲရှန်ကို ဦးညွှတ်၍ တောင်းပန်လိုက်၏။“တောင်းပန်ပါတယ်၊ အကြီးအကဲကို အနှောင့်အယှက်ပေးမိပါပြီ…”

ထိုလူက ယန်ရွေ့ချင်းဘက်သို့ လှည့်ကာ မျက်နှာတည်ကြီးဖြင့် ပြောလိုက်သည်။“ငါနဲ့လိုက်ခဲ့။ မင်းအနေနဲ့ ပူးပေါင်းပါဝင်ဖို့လိုတဲ့ စီးပွားရေးကိစ္စရှိတယ်။”

“ဟင့်အင်း၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ယန်ရွေ့ချင်းက တွေဝေနေသည့်ပုံဖြင့် လှည့်ကြည့်ကာ ဖုန်းစစ်ရွေ့ထံ အကူအညီတောင်း၏။ “ရွေ့ကော၊ ကျွန်တော်…” 

“မင်း အရင်က ဘယ်လိုပဲအထင်လွဲခဲ့ပါစေ…”ဖုန်းစစ်ရွေ့က သူ ဆွဲကိုင်ထားသည့် ရှန်ယွိ၏ လက်ကို မြှောက်ပြရင်း ပြောလိုက်သည်။ “အခု အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားပြီမလား။” 

“စုံစမ်းရေးမှာ ကောင်းကောင်း ပူးပေါင်း ပါဝင်လိုက်ပါ။” သူက သက်ပြင်းချပြီး ဝိုးတဝါး ပြောလိုက်၏။

ဆူဆူပူပူဖြစ်သွားသော လေထုက မင်္ဂလာပွဲအပေါ် အရမ်းကြီးသက်ရောက်ခြင်းမရှိပေ။

ရှန်ယွိက ယန်ရွေ့ချင်း၏ ကျောပြင်ကိုကြည့်ကာ သက်ပြင်းချ၏။

‘အစကတော့ သူဟာ ကတ်ကောင်းတွေချည်းပဲပိုင်တဲ့ ဇာတ်လိုက်တစ်ယောက်ပေါ့။ အခုတော့ မနာလိုမှုကြောင့် သူလမ်းလွဲသွားခဲ့ပြီ…

ဒါပေါ့၊ ကမ္ဘာကြီးက ယာယီပဲ၊ ပြီးတော့ လူတွေကလည်း ခန့်မှန်းလို့မရဘူးလေ။’

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now