(၄၆) ခွေးကောင်က ခွေးသားရေပလာစတာအဖြစ် ပြောင်းသွားတာလား။

5.3K 455 6
                                        

အပိုင်း (၄၆) ခွေးကောင်က ခွေးသားရေပလာစတာအဖြစ် ပြောင်းသွားတာလား။

ရှန်ယွိ တွေဝေနေသော အမူအရာဖြင့် ဖုန်းချလိုက်သည်။

သရုပ်ဆောင် တစ်ယောက်၏ ဂုဏ်သတင်းကို လုံးဝ ဂရုမစိုက်ဘဲ ညစ်ညမ်းဓာတ်ပုံ ရှုထောင့်ကိုပင် မှတ်ချက်ပေးလိုက်သေးသော ဝမ်မုန့်ကဲ့သို့ အံ့ဖွယ်  ဒါရိုက်တာမျိုးက တကယ့်ကို ရှားပါးလှသည်။

ထိုသည်က သူ့အတွက် ပြဿနာအများကြီးကို လျော့နည်းသွားစေ၏။ အနည်းဆုံးတော့ ချင်းယွီဟန့်က သူ့ကို ကူညီရန်အတွက် ပြေးလွှားနေစရာ မလိုတော့ပေ။

ရှန်ယွိက သူ့မန်နေဂျာကို ဒုက္ခမပေးချင်ပေ။ ထို့ကြောင့် သူက လူထုအာရုံကို လွှဲပြောင်းရနမ ယန်ချီချီ၏ ဗွီဒီယိုကို တင်လိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယန်ချီချီက သူ့အကျိုးအတွက် တခြားလူတွေကို ထိခိုက်စေတဲ့ ရက်စက်တဲ့ ဗီလိန်တစ်ယောက်သာ ဖြစ်​လေသည်။

လီဟောက်ကတော့ ကံကောင်းစွာနှင့် ရှန်ယွိက သူ့အား ဗိသုကာပုံစံများ၏ ရှုထောင့်များ၊ အလှဆင်မှုများနှင့် ဘုရား​ကျောင်း၏ နံရံဆေးရေးပန်းချီတို့အကြောင်းကို တစ်နာရီလောက် ရှင်းပြပေးခဲ့ပေသည်။

နေ့လယ်ခင်း၌ သူတို့က သာယာသည့် သဘာဝရှုခင်းများရှိသော နေရာ အများအပြားကို မရပ်မနားတမ်း အလျင်အမြန်သွားရောက်ခဲ့ကြပြီး ညနေခင်းတွင် တည်းခိုခန်းဆီသို့ ပြန်လာခဲ့ကြသည်။

ညစာမစားမီ ရှန်ယွိက အကုန်လုံးကို အစည်းအဝေးခေါ်လိုက်၏။
"ကျုပ် မနက်ဖြန်  သဘာဝရှုခင်းလှလှလေးတွေရှိတဲ့ နေရာတွေ အကုန်လုံးကို လည်ပတ်ဖို့ အစီအစဥ်ဆွဲပြီးသွားပြီ။ ပြီးတာနဲ့  ရိုက်ကွင်းကို ပြန်သွားလို့ရပြီ။ အချိန်ဇယားက နည်းနည်းကြပ်နေတော့ ခင်ဗျားတို့ နည်းနည်းတော့ ပင်ပန်းလိမ့်မယ်။ တကယ်လို့ ခင်ဗျားတို့ စိတ်မပါရင် ပြန်မယ့်ကိစ္စကို ခင်ဗျားတို့ ကိုယ့်ဘာသာ စိတ်တိုင်းကျ စီစဥ်လို့ရတယ်။"

လီဟောက်က ရှင်းရှင်းလင်းလင်း ကြေညာလိုက်သော ပထမဦးဆုံးတစ်ယောက် ဖြစ်၏။ "ကျွန်တော် ခင်ဗျားနဲ့ အတူ လိုက်ခဲ့မယ်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя