အပိုင်း (၁၄) သူက နတ်ဆိုးလေးလို ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီလား... ငါ ရုတ်တရက်ကြီး အရမ်းပင်ပန်းလာသလို ခံစားရတယ်
ဒါရိုက်တာ၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနာက် ဖုန်ဟွမ့်မေ၏ မျက်နှာထက်တွင် အတင်းအဖျင်း ပြောလိုသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ "နင်တို့နှစ်ယောက် ဘယ်တုန်းက အတူရှိလိုက်ကြတာလဲ။"
"နင်တို့က တကယ့်ကို လျှို့ဝှက်ကြတာပဲ။"ယန်ရွေ့ချင်းက အမှတ်တမဲ့ဟန်ဖြင့် ဖုန်းစစ်ရွေ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များက သိမ်မွေ့နူးညံ့ဟန်ဖြင့် မြင့်တက်သွားပြီး ပြောလိုက်သည်။ ကျွန်တော်တို့က ဒီရသစုံရှိုးမှာ ပါဝင်ဖို့အတွက် ယာယီ CP ဖွဲ့လိုက်တာပါ။"
"ဒီရှိုးက အခု နာမည်ကြီးနေလို့လား။ နင်က ဒီရှိုးမှာ ပါဝင်ဖို့အတွက် ယာယီ CP တောင် ဖွဲ့လိုက်ရတယ်ဆိုတော့။" ချီလုလုက လက်ပိုက်ထားကာ သူမ မျက်နှာထက်မှ စက်ဆုပ်အထင်အမြင်သေးမှုကို ဖုံးကွယ်ထားရန်ပင် မကြိုးစားခဲ့ပေ။
လွီကျန့်ယွီက သူမကို သတိပေးရန် အသာအယာ ချောင်းဟန့်လိုက်ပြီး သူ့မျက်လုံးထောင့်မှ သတိပေးသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
ဤသည်က ရသစုံရှိုးတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ရန် မလိုအပ်ပေ။
"ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။" ဝမ်ရှင်းအာက တောက်ပစွာ ပြုံးလိုက်သည်။ သူမက ဝတ်ကျေတန်းကျေ လက်ခုပ်တီးလိုက်ပြီး အမှုမဲ့အမှတ်မဲ့နှင့် စကတ်အား မ,ကာ သူမ၏ ဖြူဖွေးနေသော ခြေထောက်များကို ဖော်ပြလာသည်။
သူမ စကားပြောပြီးသည်နှင့် သူတို့က လှောင်ပြောင်ဟန် ရောစွက်နေသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
လူတိုင်းက အသံအရင်းအမြစ်ကို ကြည့်လိုက်ပြီး ပရိုဂရမ်အဖွဲ့ကလည်း မျှော်လင့်စောင့်စားနေသည့် အမူအရာမျိုး ပြသလာသည်။
ဤနေ့သစ်တွင် ရှန်လောင်ရှီးက လူများကို တိုက်ခိုက်ရန် မည်သို့သော သဘောထားကို အသုံးပြုလိမ့်မည်နည်း။
![](https://img.wattpad.com/cover/322517026-288-k824488.jpg)
ŞİMDİ OKUDUĞUN
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomantizmNote: ပင့်ကျောင်းစီအီးအို = Yandere CEO